ညီမင်းခိုင် – လက်ခံမလား

           

     

            ရခိုင်လူငယ်တိ ထဲ မှာ သီချင်းရေး သီချင်းဆို ကောင်းယေ ကိုညီမင်းခိုင်   ဆိုကေ လူငယ်ချေတိုင်း

သိပါယေ… ကိုညီမင်းခိုင် ဗမာပိုင် ဆိုထားယေ  လက်ခံမလား စီးရီး ပါ… နွယ်နီ သီချင်းကတော့ အဂုထိ ပရိတ်သတ် ရင်ထဲ မှာဟိနိန်ပါသိန့်ယေ…. လိုချင်ကေ အောက် မှာ ဒေါင်းလော့ ယူလို့ရပါယေ …။


မြေပုံမြို့နယ် ၊ ပေါက်တူးတောင်ရွာပညာရေး ဖောင်ဒေးရှင်း ဖြစ်မြောက်ရန် ကြိုးပမ်း

ပေါက်တူးတောင်ပညာရေးဖောင်ဒေးရှင်းဖြစ်မြောက်ရန် ဆွေးနွေးကြခြင်း
      
        မြေပုံမြို့နယ် ပေါက်တူးတောင် ရွာ မှ နိုင်ငံခြားရောက် ရွာသူရွာသားများနှင့် ပြည်မ မှ ရွာသူရွာသား 

များစုပေါင်း၍ ပညာရေး အထောက်အကူပြုဖောင်ဒေးရှင်း တစ်ခုဖြစ်မြောက်စေရန် အားသွန်ခွန်စိုက်ကြိုးပမ်း    နေကြပါသည် 

ရည်ရွယ်ချက်မှာ

  • ရွာမှ ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော ပညာရေး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရန်
  • အရည်အချင်းအလိုက်ဆုချီးမြင့်ပေးနိုင်ရန်
  • ကျောင်းဆောင်ကြီး တစ်ခုလုံး၏ ယိုယွင်းပျက်စီး နေသည့် လိုအပ်နေသောနေရာများကို ဖောင်ဒေးရှင်း ၏ရန်ပုံငွေ အပေါ်မူတည်ပီး လုပ်ဆောင် သွားမည်ဖြစ်ပါသည်
       ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးအတွက် ပြည်ပရောက် ပေါက်တူးတောင်ရွာသူ ရွားသားများနျှင့် ပြည်မ မှ ရွာသူရွာသားများ မတည်ငွေအချို့ ထည့်ဝင်နေကြပြီ ဖြစ်ပါသည်။
       ဖောင်ဒေးရှင်းအား စိတ်ပါဝင်စားသူများနျှင့် မတည်ငွေ ထည့်ဝင်လိုသူများအနေဖြင့်
  • ကိုထွန်းထွန်းဝင်း      ( Ph – 804 248 0458 )  အမေရိက
  • မောင်မြင့်စိန်           ( Ph – 716 597 2105 )  အမေရိက
  • ကိုမျိုးချစ်                 ( Ph – 9450050220   )  မြန်မာ
        တို့အား ဆက်သွယ်မေးမြန်း စုံစမ်းကာ မတည်ငွေ ထည့်ဝင်နိုင်ပါသည် ။ 
မြေပုံမြို့နယ်မှ ရွာအများအပြားတွင် လည်း ယခုကဲသို့ ရွာသူရွာသားများ ညီညွတ်မူဖြင့် မျိုးဆက်သစ်များအတွက် ပညာရေး အထောက်အကူပြု ဖောင်ဒေးရှင်းများ ပေါ်ပေါက်လာနိုင်ပါစေ…ရွာသူရွာသားများ စည်းလုံးနိုင်ကြပါစေ
ဟု ဆန္တပြုမိပါသည် ။

ဒါတ်ပုံ Khaing Mun

        

SARAH – Shell Of The Tortoise (2014)

                     
  ရခိုင်လူငယ် Rock အဆိုတော် ကို မင်းမင်း ဆိုကေ Rock ကိုရူးသွပ်တေ လူငယ်တိုင်း


သိကတ်ပါယေ….  ကိုမင်းမင်း ရို့ SARAH Band က ဖန်တီးထားယေ Shell Of The Tortoise (2014) စီရီးပါ …..လိုချင်ကေ အောက် မှာရ ယူနိုင်ပါယေ ….။

Download

         

မြေပုံမှ ငလှချေ ဂျိုင် (ကမ်း) အား လူကုံထံများမောင်ပိုင်စီးတော့မည်

မြေပုံမှ ငလှချေ ဂျိုင် (ကမ်း) အား လူကုံထံများမောင်ပိုင်စီးတော့မည်

ငလှချေဂျိုင်(ကမ်း)အားအငူမှ အောင်ကြီးနှင့်မြေပုံမှအမည်မသိ သူဌေးလေးဦး အုန်းပင်စိုက်ရန် အကြောင်းပြချက်ဖြင့်
မြေဂရံဖောက်လုပ်နေပါသည်….ယခုလ ၁၅ ရက်နေ့ နောက်ဆုံး ထားကာကန့်ကွက်သူရှိလျှင်ကန့်ကွက်ဖို့ နိုင်ပါကြောင်း အုပ်ချူပ်ရေး မူး မှ အမိန့် ထုတ် ထားသည်….

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းသောအားဖြင့် မြေဂရံ မဖောက်ဘဲ စေတနာအလျှောက် အုန်းပင်စိုက်မည်ဆိုပါက လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါမည်…. သို့ပါသော်လည်း အုန်းပင်စိုက်ရန် မဟုတ်ပဲ ကမ်းခြေ တစ်လျှောက်သဲကိုမောင်ပိုင်စီး ရောင်းချ လိုသည့် အတွက်ကြောင့် ဂရံ ဖောက်ခြင်းဖြစ်နိုင်သည်… မြေပုံသူ မြေပုံ သားများ လွှတ်လပ်စွာ အပန်းဖြေ နိုင်သည် နေရာဒေသကို ပိုက်ဆံပေးပီးဝင်မှရနိုင်မည့်အပန်းဖြေစခန်းလုပ်လာနိုင်သည် ။
ထိုကြောင့်
ကျနော် တို့ မြေပုံမြို့မှလူငယ်များအနေဖြင့် အပြင်းအထန် ကန့်ကွက်ပါသည်…. အဝေးရောက်နေသော မြေပုံသူမြေပုံသားများကို လည်း ဖိအားပေးနိုင် ပါစေရန်တိုက်တွန်းပါသည်…..
ရခိုင့် မီဒီယာ များနှင့် ရခိုင်သူ ရခိုင်သားများကိုလည်း ကျနော် တို့၏ Post အား ဖြန်ဝေပေးကြပါရန် အကူအညီ တောင်းခံအပ်ပါသည်…..
…..Myebon Youth……
(ကျနော် တို့ မြေပုံသူ မြေပုံသားများသည် မုန်တိုင်းများအလီလီ တိုက်ခက်သည့်တိုင်အောင်… မိမိတို့ ၏ ဇာတိမြို့ အား စွန့်ခွားသွားလိုစိတ် မရှိခဲ့…
ထိုရေ … ထိုမြေ … ထိုကမ်း … အား မုန်းတိုင်း များကြားထဲမှ မှ ခင်တွယ်သူများဖြစ်ကြပါသည်….. ။)