၂၀၁၀-ခုနှစ် ဂီရိမုန်တိုင်း တိုက်ခက်ပြီးတစ်ပါက်ခန့်အကြာတွင်
သမ္မတ ဦးသိန်းစိန် (န.အ.ဖ- ၀န်ကြီးချုပ် အဖြစ်ဖြင့်) မြေပုံမြို့သို့
ရောက်ခဲ့စဉ်`ဂီရိ မုန်တိုင်းထက် ပြင်းထန်တဲ့ ဘင်္ဂလီမုန်တိုင်း ရှိသေး
ကြောင်း´မြေပုံမြို့အ.ထ.က တွင် ဆရာ/မများအားမိန့်ကြားခဲ့သည်။
ယခု ဘင်္ဂလီမုန်းတိုင်းတိုက်ခက်တော့
သူကပင်`ညာရေးနိမ့်ကျ မှု၊ ဖွံဖြိုးမှုနောက်ကျမှုတို့ကြောင့်ပဋိပက္ခဖြစ်ရကြောင်း´ဆိုလာသည်။
အမှန်တကယ်အားဖြင့် ဤပဋိပက္ခသည် ခေတ်အဆက်ဆက်
စစ်အာဏာရှင်များမှ ရခိုင်တို့ခေါင်းမထောင်နိုင်ရန် ဘင်္ဂလီများကို
ရခိုင်ပြည်နယ်အတွင်းသို့သိမ်းသွင်းကာ နိုင်ငံရေးအရ မြတ်ထုက်ရန်
ကြိုတင်ကြံစည်မှု တစ်ရပ်သာဖြစ်သည်။
တစ်ဘက်က ဘင်္ဂလီများစမ့်ဝင်လာမှုကိုလျှစ်လျှူရှုထားပေမယ့်
၎င်းတို့အား ရိုးမအရှေ့ဘက်သို့ မကျော်နိုင်အောင်စည်း အတန်
တန်တားကာထိထိရောက် ရောက်ဆောင်ရွက်ပြန်သည်။ဘက်က ရခိုင်ပြည်
သူတို့ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများကိုပိတ်ဆို့ထားပြန်သည်။
ရခိုင်တို့ မှာ တစ်ဝမ်း တစ်ခါးလှရန်အတွက် ရေကြည်ရာမြတ်နုရာ ရှာဖွေ
ခဲ့ကြရသည်။ ဘင်္ဂလီတို့မှာမထိုအခွင့်အရေးမျိုးကို
မရရှိကြ၍ ဘာသာရေး အစွမ်းရောက်ဝါဒ၊လူဦးရေတိုး
ပွားမှုလမ်းစဉ် များကိုချမှတ်ကာ ရခိုင်ပြည်အတွင်း နေမြေချဲ့ထွင်မှု
ကိုသာကြိုးစားလာခဲ့ကြသည်။
ခေတ်အဆက်ဆက် အစိုးရအရာရှိများသည် ဘင်္ဂလီများကို
အပြင်ပန်းက မျက်နှာသာ မပေးကြသော်လည်း ၄င်းတို့၏ငွေရေး
ကြေးရေးအရ အဓိက အားကိုးရသည်မှာ ဘင်္ဂလီများသာဖြစ်သည်။
ရခိုင်ဒေသ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်းတောတို့၌ တာဝန်
ထမ်းဆောင်ခဲ့သော တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး၊ နယ်စပ်ကွက်
ကဲရေးမှူး၊ ခရိုင်မှူး စသည်စသည်တို့မှာ ဘင်္ဂလီများထံမှ ရရှိသော
ဆက်ကြေးများကိုပိုက်ကာ ပြည်မမှာ သူဌေးလုပ်သွားကြသူချည်း
ဖြစ်သည်။
ဥပမာ-နိုင်ငံခြားငွေ အလုံးအရင်းလိုအပ်နေသော(န.၀.တ)အ
တွက် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်သည် ဘင်္ဂလီများထံမှ ဒေါ်လာငွေ
သန်းပေါင် အများအပြား ဆက်ကြေး ကောက်ခံ ပေးနိုင်ခဲ့သည့်အ
တွက်အတွင်းရေးမှူး(၃)အဆင့်ကိုချီးမြှင့်ခံခဲ့ရသည်ကသက်သေဖြစ်ပါသည်။
ဘင်္ဂါလီများ တရားမ၀င်ဝင်ရောက်နိုင်ရေးအတွက် ဒေသခံဘင်္ဂ
လီများက နယ်စပ်တွင် တာဝန်ကျနေသော ကွက်ကဲရေးမှူး၊တပ်ရင်း
မှူး၊ လ၀ကမှူးများကို ငွေကြေး အမြောက်အများ ပုံပေးခြင်းများတို့
ကြောင့် ပြဿနာများဖြစ်ပွားမှုများရှိသော်လည်း နောက်ဆုံးတွင် အ
ရပ်ဘက် အောက်ခြေ၀န်ထမ်းများသာပြုတ်/ပြောင်းပြစ်ဒါဏ်များသာ
ခံကြရလေ့ရှိပြီး စစ်ဘက်အရာရှိများမှာမူ ဗိုလ်နေမြဲ၊ ကျားနေမြဲ အ
တိုင်းပင်ရှိသည်။ ဘင်္ဂလီများအား တိုင်ရင်းသားအဖြစ် သက်မှတ်ပေး
ခြင်းမျိုးမရှိသော်လည်း ရခိုင်/မူဆလင်အမည်၊ ကမန်အမည်များဖြင့်
တရားမ၀င် နိုင်ငံသားစီစစ်ရေးကပ် ရယူထားသော ဘင်္ဂါလီများမှာ
အများ အပြားရှိသည်။ ယင်းသို့ နိုင်ငံသားအတုဖြင့် နိုင်ငံ့ဝန်ထမ်း
ဖြစ်နေသော ဘင်္ဂလီတွေ အများအပြားရှိနေသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းအတွင်းသို့ ဘင်္ဂါလီ
များ ၀င်ရောက်နိုင်ရေး အတွက်လည်း အဆိုပါ စစ်ဘက် အရာရှိများ
မှ အကူအညီများ ပေးလေ့ရှိသည်။ မောင်းတော၊ ဘူးသီးတောင်ဒေ
သတွင် UNHCR နှင့် INGO အဖွဲ့များသည် ဘင်္ဂါလီကျေးရွာများကို
သာ ဘက်စုံဖွဲ့ဖြိုးရေးအကူအညီပေးနိုင်ရေးတို့အတွက် ဘင်္ဂါလီဝန်
ထမ်းများက အဓိကကျနေသည်။ ၀န်ထမ်းများ ခန့်ရာတွင်လည်း
ဘင်္ဂါလီစကားတတ်ကျွမ်းရမည်ထိ UN နှင့် INGO အဖွဲ့များကသက်
မှတ်လာသည်။ ဘင်္ဂါလီကျေးရွာ များတွင်တာဝန်ကျသော ပညာရေး
ဝန်ထမ်းတစ်ဦးကို UN နှင့် INGOများကလစဉ်(၃၀၀၀၀ိ)နှင့်အထက်
ထောက်ပံ့သည်။ ဘင်္ဂါလီများ UN နှင့် INGO အဖွဲ့များ အတွင်းသို့
ထိုးဖေါက် ၀င်ရောက်ကာ မွှေနှောက်နေခြင်းကို သက်ဆိုင်ရာ စစ်
ဘက်နှင့် နယ်ဘက်အရာရှိများအနေနှင့် သိသိကြီးနှင့်နေခဲ့ကြသည်။
ဒေသခံရခိုင်များနှင့် ရဟန်းတော်များမှ တားဆီးစောင့်ကြည့်ရန် အကြံပြု
မှုများ ရှိသော်လည်း အလေးဂရုပပြုခဲ့ကြပေ။
စစ်အာဏာရှင် အစိုးရအဆက်ဆက်သည် ရခိုင်ပြည်နယ်ဖွံ့ဖြိုး
ရေးအတွက် မည်သည့်အခါမျှစည်းစားဖူခြင်းမရှိခဲ့ပေ။လမ်းပန်းဆက်
သွယ်ရေးကဏ္ဍတွင် ရေလမ်းခရီးကိုအဓကအားကိုးရသည်မှန်သော်
လည်း ဒလတွင်ကူတို့ပို့ပြီး အကျသင်္ဘောများကိုသာ ရခိုင်သို့ပို့
သည်။ လွတ်လပ်ရေးရသည်မှာ ရာစုနှစ် ထက်ဝက်ကျော်လာ ပြီဖြစ်
သော်လည်း ရခိုင်တွင် ကုန်ထုက်စွမ်းအား မြင့်စက်ရုံအလုပ်ရုံ တစ်
ခုမျှမရှိ။ ရန်ကုန်စစ်တွေကားလမ်းကို စစ်ဗျူဟာလမ်းအဖြစ် အ
ကောင်အထည်ဖေါ် ပေးခြင်းဖြစ်၍ယနေ့ထိဖုန်ထူနေဆဲဖြစ်သည်။
၂၀၀၉ခုတွင် ရခိုင်ပြည်နှယ်ဖွံ့ဖြိုးရေးနှစ်ဟုကြွေးကြော်ကာ စစ်တွေ
ရန်ကုန်ရထားလမ်းကို အကောင်အထည်ဖေါ်ခဲ့သော်လည်း ကျောက်ဖြူ-ကူမင်းပိုက်လိုင်းသာ ပေါက်သွားခဲ့ပြီး ရထားလမ်းကကျောက်တော်
သို့ မရောက်သေးပေ။ ရခိုင်ပြည်နယ်၏ စွမ်းအင်ကဏ္ဍကိုကြည့်လျှင်
တစ်နေ့(၃)နာရီခန့်မီးလင်းချိန်ကို တစ်ယူနစ်(၄၀၀+၅၀၀)ပေး၍ သုံးစွဲနေရသည်။
ပညာရေးကဏ္ဍကိုကြည့်လျှင် အဆင့်မြင့်နှင့် အခြေခံနှစ်ခုစလုံး
မှာ စာကူးချစနစ်ကို အကောင်အထည်ဖေါ်နေကာ လူသားအရင်း
အမြစ် အညွန့်တုံးအောင်ဖန်တီးနေသည်။ကျေးလက်ဒေသကျောင်း
များတွင်ဆရာ/မများအမြဲမရှိ။ စာသင်ခန်းနှင့် စာသင်ခုံမရှိ။ကျောင်း
နေရွယ်ကလေးများ ကဏန်းဗုံထောင်၊ လယ်တာဆယ်၊ပိုက်လှေ
တတ် ရှိနေသည်။ ရခိုင်လူငယ်များအတွက် ရခိုင်မှာမျှော်လင့်ချက်
မဲ့နေသည်။ သူတို့၏မျှော်လင့်ချက်က ဖားကန့်၊ ထိုင်း၊ မလေးရှား
သာဖြစ်သည်။ယင်းတို့သို့ မမျှော်လင့်နိုင်သူများ၏ မျှော်စရာက အရက်ဆိုင်။
ထို့ကြောင့် သမ္မတကြီးပြောသလို `ပညာရေးနိမ့်ကျမှု၊ ဖွံ့ဖြိုး
မှုနောက်ကျမှု ´ဆိုတာတွေဟာ ရခိုင် ပြည်သူကြောင့်လား၊ ရခိုင်
တွေကအုပ်ချုပ်ခံပါ။ အုပ်ချုပ်ခံလူတန်းစား အတွက် အုပ်ချုပ်သူ
အဆက်ဆက် တာဝန်မယူခဲ့ကြဘူး မဟုတ်ပါလော။ထို့ကြောင့်လည်း
ဂီရိမုန်တိုင်းထက်ပြင်းထန်သည့် ဘင်္ဂါလီမုန်တိုင်းတိုက်ခက်မည့်အ
ရေးကို သမ္မတကြီး ကြိုသိနေခဲ့ခြင်းဖြစ်မည်ထင်ပါသည်။ သို့ဆိုလျှင်
ဤ မုန်တိုင်းသည် သဘာဝလေဖိရပ်ဝန်းကြောင့်ဖြစ်ပေါ်လာသော
မုန်တိုင်းမဟုတ်သည်ကတော့ အသေအချာပင်ဖြစ်ပါသည်။
မောင်လျူမှိုင်း(မြေပုံ)
၁၂-၁၂-၁၂

မောင်လူမိုင်း (မြေပုံ) facebook page မှ ကူးယူဖော်ပြပါသည်
Advertisements