ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက်၍ တစ်ဦးသေ၊၃ ဦးဒဏ်ရာရ

ကမ်းထောင်းကြီးတွင် ထွေလာဂျီမှောက်၍ တစ်ဦးသေ၊၃ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အပိုင် ကမ်းထောင်းကြီးကျေးရွာတွင်မတ်လ ၆ ရက်နေ့က ထွေလာဂျီတစ်စီးချောက်ထဲကို ထိုးကျ တိမ်းမှောက်သွားသဖြင့်ကျေးရွာသား၁ ဦးသေဆုံးပြီး၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။“ ရွာမှာက ရှင်ပြုပွဲရှိပါတယ်။ ရှင်ပြုပွဲအတွက် ငှက်ပျောပင်သွားခုတ်လို့ အပြန်မှာ တောင်စောင်းကအဆင်း လက်ကိုင် ပြုတ်ပြီးထိန်းမရဘဲထော်လာဂျီပါ၊ လူတွေပါ တခါတည်းတောင်ချောက်ထဲကိုကျသွားခဲ့တာ ဖြစ်ပြီးတစ်ဦးသေပြီးသုံးဦးဒဏ်ရာ ရသွားခဲ့ပါတယ်” ဟုကမ်းထောင်းကြီး ကျေးရွာသားတစ်ဦးကနိရဉ္စရာသို့ ပြောသည်
သေဆုံးသွားသူမှာ ကမ်းထောင်းကြီးကျေးရွာမှ အဘဦးတင်ချေ ၏သားအသက် (၃၀နှစ်)အရွယ် ဇော်သန်းချေဆိုသူဖြစ်သည်။ ထွေလာဂျီတိမ်းမှောက်စဉ် ယာဉ်ပေါ်တွင် မောင်းနှင်သူတဦးအပါအ၀င်စုစုပေါင်း၅ ဦး စီးနှင်းလိုက်ပါလာသည်ဟုဆိုသည်။
ထွေလာဂျီမောင်သူမှာ လမ်းခုတ်လတ်မှ ခုန်ဆင်းကျန်လိုက်သဖြင့် တစ်စုံတစ်ရာ ထိခိုက်ခိုက်မူမရှိခဲ့သော်လည်းထွေလာဂျီနှင့် အတူပါသွားသူ၎ ဦးထဲတွင်တစ်ဦးသေပြီးသုံးဦး ဒဏ်ရာ ရသွားခြင်းဖြစ်သည်။
“ ဒဏ်ရာရတဲ့ လူ၎ ဦးထဲကဒဏ်ရာပြင်းတဲ့ လူနှစ်ဦးကို အမ်းဆေးရုံကိုယူသွားပါတယ်။ သေဆုံးသွားတဲ့သူက မင်းဘူးဆေးရုံကို ယူဆောင်စဉ်မှာ လမ်းမှာ ဒီကနေ့မှာဘဲ ဆုံးသွားတာဖြစ်ပါတယ်။ ကျန်တဲ့ဒဏ်ရာရသူ၂ ဦးကိုတော့ ကမ်းထောင်းကြီးဆေးရုံမှာ ဆေးကုသ နေပါတယ်” ဟုဆိုသည်။
ဒဏ်ရာ ရသူများအထဲမှမောင်သောင်းခင်မှာ အမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကိုသက်ခင်နှင့်ကိုလမုမောင်မှာ ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။
ယခုအခါထွေလာဂျီ မောင်းနှင်သူမှာ ထွက်ပြေးသွားပြီးသက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။
http://www.narinjara.com/burmese/
မှကူးယူတင်ပြခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s