ဆရာတော်ဦးဥတ္တမ

ဘုန်းကြီးဦးဥတ္တ (ခေါ် ) ဆရာတော်ဦးဥတ္တမ (ခေါ် ) ဘိက္ခုဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင် (ဖိုင်တွဲအမှတ် – ၃ A – 1 OF 1927 ) အဖအမည် – ဦးမြသာဦး။ မွေးရပ် – စစ်တွေမြို့ ။ မွေးသက္ကရာဇ် – ခရစ်နှစ် ၁၈၈၀- ခု။ လက်ရှိနေရပ် – ကလကတ္တားမြို့  ၄ အေ၊ ကောလိပ်စကွဲ (College Square ) – မဟာဗောဓိအသင်း(Maha Bodhi Society)။ အလုပ်အကိုင် – ဘုန်းကြီး – ၀ါဒဖြန့်ချီရေးသမား။ ပုံသဏ္ဌာန် အရပ်အမြင့် – ၅ ပေ ၄ လက်မ။ ကိုယ်လုံးကိုယ်တည် – တောင့်တင်းသည်။ ဆံပင် – ပြောင်အောင်ရိတ်ထားသည်။
မျက်ခုံးများ – ပါး၍ကောက်ကွေးသည်။ နဖူး – ကျယ်၍မြင့်သည်။ မျက်လုံးများ – နက်ပြောင်သည်။ မျက်စိအမြင် – မျက်မှန်တပ်ရသည်။ နှာခေါင်း – ကြီးသည်။ ပါးစပ် – စိစိပိတ်သည်။ လက်ချောင်းများ – တို၍ တုတ်သည်။် နားရွက်များ – အနေတော်။ ဦးခေါင်းနှင့် ကပ်နေသည်။နားဖောက်ထားသည်။ မျက်နှာ – ၀ိုင်းသည်။
အသားရောင် – အ၀ါရောင်ဖျော့ဖျော့။ မှတ်ဆိတ်မွှေး – မရှိ။ နှုတ်ခမ်းမွှေး – မရှိ။ အမှတ်အသား – အပေါ်နှုတ်ခမ်းလက်ဝဲဘက်တွင်စောင်းစောင်း ဓါးပြတ်ရာတစ်ခုရှိသည်။ ဂုတ်တွင် မှည့်တစ်လုံးရှိသည်။ နဖူး၏ လက်ျာဘက်၌ အမာရွတ်တစ်ခုရှိသည်။
ထူးခြားချက်များ – မတ်မတ်လမ်းလျှေက်သည်။ စကားကို ကျယ်ကျယ်နှင့်မြန်မြန် ရခိုင်သံဝဲ၍ပြောသည်။ အိန္ဒိယ အမျိုးသားတစ်ဦးကဲ့သို့ ပြုံးရွှင်သော အမူအရာရှိသည်။ စကားပြောရာ၌ ပွဲကျအောင်ပြောသည်။ ၀တ်ဆင်နေကျ – ပင်နီိပိတ်ဖြင့် လုပ်ထားသော သင်္ကန်းအ၀ါရောင်။
မြင်လျှင်မှတ်မိသောအရာရှိများ မြန်မာနိုင်ငံ မှုခင်းစုံစမ်းထောက်လှမ်းရေးဌာန ( C. I .D Burma) ရှိထောက်လှမ်းရေးဌာနမှ မြန်မာအရာရှိအားလုံး။ ဆွေမျိုးများ မအောင်ကျော်ဖြူ (မိခင်) မောင်ကျော်ထွန်းအောင် (ခေါ် ) ရှင်အရိယ(ညီ )။ ကြည့်မြင်တိုင် လင်းလွန်းကွက်သစ်နေ မအိမ်စိုးမေ (နှစ်မ)။
မိတ်ဆွေမျး တစ်ပြည်လုံးရှိထင်ရှားသော နိုင်ငံရေးသမားများအားလုံး။ ဖြစ်စဉ်သမိုင်းအကျဉ်း ဦးဥတ္တမ (ခေါ် ) ပေါ်ထွန်းအောင်ကို ၁၈၈၀ခုနှစ်တွင် စစ်တွေမြို့  ၌မွေးဖွား ခဲ့သည်။ သူ၏ဆံပင်ကောက်မှုကိုစွဲ၍ သူငယ်စဉ်က ဆံကောက်ဟုခေါ်သသည်။
ပက်ဆောက်ဆရာ၏ တိုင်းရင်းသားဘာသာကျောင်းတွင် ငယ်ငယ်က ပညာသင် ခဲ့ရာ ဆဋ္ဌမတန်းထိ ထိုကျောင်း၌ သာမဏေ ကိုရင်ဖြစ်လာခဲ့သည်။ ထို့နေက်သူသည် ရန်ကုန်မြို့ ၊ ပဲခူးမြို့ ၊ တောင်ငူ ၊ မန္တလေးမြို့ နှင့် ပခုက္ကူစီရင်စု ပေါက်မြို့ တို့ သို့ အလည်အပတ်သွားရောက်ခဲ့သည်။ နောက်ဆုံးရောက်ခဲ့သောပေါက်မြို့ တွင် ပဉ္စင်းခံခဲ့ရာ ဘုံဘေဘားမား ကုမ္ပဏီ ( Bombay Burma Trading Company) မှ စာရေးတစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်က ထောက်ပံ့ခဲ့ပါသည်။
ထို့နောက်အိန္ဒိယနိုင်ငံရှိ နေရာများစွာကိုသွားရောက်ခဲ့ပါသည်။ သူအိန္ဒိယနိုင်ငံတွင်ရှိနေ စဉ် သီပေါဘုရင်နှင့်တွေရန် အခွင့်တောင်းခဲ့သော်လည်း ဗြိတိန်အစိုးရ၏ နိုင်ငံ ရေးကိုယ်စားလှယ် (Political Agent ) က တွေ့ခွင့်မပေးနိုင်ဟု ငြင်းဆိုခဲ့ပါသည်။ ၁၉၀၆ ခု နှစ်တွင် မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ရန်ကုန်မြို့ ၊
ပဲခူးမြို့ ၊ တောင်ငူမြို့ ၊ မန္တလေးမြို့ ၊ ပခုက္ကူမြို့ နှင့် မြင်းခြံမြို့ သို့ သွားရောက်ရန်အိမ်၌ နေခဲ့ပါသည်။(၁) ရက်၊ ဇန်န၀ါရီလ၁၉၀၇ ခုဂျပန်နိုင်ငံ သို့ထွက်ခွါသွားခဲ့ပြီး ဂျပန်နိုင်ငံတွင်အနောက် ဟွန်ဂွန်ဂျိ
ဘုရားကျောင်းအကြီးအမှုး (LORD ABBOT OF WESTERN HONGONJT TEMPLE ) ဖြစ်သူ မင်းသားကြီးကိုဇင်အိုဘာရီ (Count Kosin Otarj )နှင့်အတူ နေခဲ့ပါသည် ကစ်စကို (Kisto ) မြို့ ၊ နိရှိတွန်မွန်ဂျီ (Nishi Hon-moji ) ခေါ် ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိဘာသာပါမောက္ခလုပ်ခဲ့သည် အိန္ဒိယ သို့မပြန်မီ(Saigon )မြို့ တွင်နေထိုင်လျှက်ရှိသောမြင်ကွန်းမင်းသားနှင့်သွားရောက်တွေ့ဆုံခဲ့ပါသည် သူ၏အလွန်ပြင်းထန်သောအယူသဘောများအရ မြန်မာ နိုင်ငံ၏ရှေးရေးကိစ္စများကို သူ ထိုအချိန်မှစပြီးသတိပြုစဉ်းစားလာခဲ့သည်။
နိုင်ငံ ရေးအားဖြင့်အလွန်အောက်ကျနောက်ကျဖြစ်နေသော အခြေနေဆိုးကို သူပြောင် ပြောင်ပင်မကျေ မနပ်ဝေဖန်ပြစ်တင်ခဲ့ပြီး မြန်မာအမျိုးသားပေါင်းသည် ဘင်္ဂါလီအမျိုးသားများ ၊ မရက္ကာဗြဟ္မီဏများ (MahrattaBrahmjins)ကဲ့သို့စိတ်ဓာတ်ပြင်းထန်တက်ကြွစေလိုခဲ့သည်။ဗုဒ္ဓဘာသာသည်လွတ်လပ်ရေးကို လိုလိုလားလားပေးသောကြောင့် မြန်မာနိုင်ငံတွင်ဥပဒေ ချိုးဖောက် ဟောပြောလုပ်ကိုင်ရေးကို လုပ် ကိုင်ရန်သူပိုင်းဖြတ်လာခဲ့သည်။ သူသည်ဘုန်းကြီးတစ်ပါးဖြစ်သော်လည်း အင်္ဂလိပ်ကိုသတ်ပြီးမြန်မာနိုင်ငံတွင်
ပထမဆုံးသောအကြမ်းဖက်သူသတ်သမားဖြစ် လာသူဖို့ကို မမှုကြောင့်သူဆက်၍ပြောခဲ့ပါသည်။ မြင်ကွန်းမင်းသားသည် မြန်မာ ဘုရင်ပြန်ဖြစ်ဖို့ကို မျှော်လင့်တောင်းတဆဲရှိနေကြောင်း၊ သူမအောင်မြင်ပါက သူ့ သားအငယ်ဆုံးအောင်မြင်မည်ဖြစ်ကြောင်း သူကြေညာခဲ့ပါသည်။
၁၉၁၁ခုနှစ်တွင်မြန်မာနိုင်ငံသို့ပြန်လာခဲ့ရာ စစ်တွေသင်္ဘောဆိပ်ရောက်တွင်သူ့၏ပစ္စည်းများကိုရှာ ဖွေရာ၌ ပြင်သစ်နိုင်ငံပါရမီမြို့  မဒမ်ကာမ ( Madame CaMa of Paris ) ထံမှ စာတစ်စောင်ကိုရှာဖွေတွေရှိခဲ့ရပါသည်။ သူ့ထံသို့ထိုစာကိုမည်သူပို့လိုက်သည်ကိုသူ မသိကြောင်းဖြင့် သူ့ကိုမေးသောအခါဖြေဆိုခဲ့ပါသည်။ ထိုအမျိုးသမီးကြီးနှင့် စာ ပေးစာယူရှိနေခြင်းကိုသံသယ ဖြစ်စရာမရှိပါ။အကြောင်းမှာသူဂျပန်မှာရှိစဉ်ကပင် ဘန္တေမာတရင် (Bande Matram ) အမည်ရှိ ဂျာနတ်ကိုသူမှန်မှန်ရရှိနေသူဖြစ်ပါ သည်။ (မှတ်ချက်။ ဘန္တေမာဘရမ်မှ ယနေ့အိန္ဒိယနိုင်ငံ၏ အမျိုးသားသီးချင်း အ မည်ပင်ဖြစ်ပါသည်။
ဘာသာပြန်သူ
မတ်လ ၁၉၁၂ ခု သူ၏နှမ မအိမ်ဇိုး လိုက်ပါပြီး အခြား ၃ ယောက်တို့နှင်ဂျ ပန်သို့ထွက်လာခဲ့ပါသည်။ သူ၏နှမကိုခေါ်သွားရခြင်းကြောင်းမှာ မြန်မာနိုင်ငံသို့ ပြန်ရောက်လျှင် မိကလေးစက်မှုလက်မှုအတကပညာ ကျောင်းတစ်ကျောင်းသူထု ထောင်နိုင်ရေးအတွက်စက်မှုလက်မှု သင်ကြားရေးအတွက်ဖြစ်သည်။ဒီဇင်ဘာလ
၁၉၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ပြည်၊ ရေနံချောင်းနှင့်စစ်တွေ
မြို့များကိုသွားရောက်ခဲ့ပြီး၂၆ ရက်ဖေဖော်ဝါရီလ ၁၉၁၄ ခုနှစ်တွင် ဂျပန်ပြည်သို့ သူတတိယအကြိမ် ထပ်မံသွားရောက်ခဲ့ပါသည်။ သူဆက်ပြီး သြစတြေးလျနိုင်ငံ (Australia ) ၊ အမေရိကန်နိုင်ငံနှင့် ဂျားဗားနိုင်ငံတို့ကိုသွားရောက်ခဲ့ပြီး နှစ်ကုန်ခါ နီးတွင်မြန်မာနိုင်ငံသို့ပြန်လာခဲ့ပါသည် ရန်ကုန်တွင် မောင်ဘဘေ (ယခု- သစ်တောရေးဌာန၀န်ကြီး )နှင့်လည်းကောင်း သူရိယ သတင်းစာတိုက်မှမောင်
လှဖေနှင့်လည်းကောင်းအတူနေခဲ့ပါသည်။
သူ အက်စ်အက်စ်ဂလင်နိုဂဲလ် (S.S.Glenogle ) သင်္ဘော ဖြင့်ပြန်လာခဲ့စဉ် လမ်းခရီး၌သင်္ဘောပေါ်ပါရှိ လာသော (Sikhs) အမျိုးသားများ၊ အိန္ဒိယအမျိုးသားများနှင့် ဥပဒေကိုအချိုးဖောက်ဆုံးပုံစံ ဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ၂၅ လမ်းမှအဗ္ဗဒူလ်ရာမန်(Abdul Rahman )အား ဗြိတိသျှတို့ကို အိန္ဒိယမှ မောင်းနှင်ထုတ်ခြင်း မလုပ်ကြ၍ အိန္ဒိယအမျိုးသား တို့သည် ကြောက်ရွံ့ တတ်သူများ၊ သူရဲဘောနည်းသူများဟု သူပြောခဲ့သည်။
၁၉၁၄ ခုနှစ်တွင် တော်ကြီးရောင်းကောင်းသော (ဂျပနပြည်)အမည်ရှိစာ အုပ်ကိုရေးသားထုပ်ဝေခဲ့သည်။ ၁၉၁၈ ခု အိန္ဒိယသို့ အလည်သွားခဲ့ပြီး ၇ ရက်ဖေဖော်ဝါရီလ ၁၉၁၈ ခုတွင် ပြန်လာခဲ့ရာ ပစ္စည်းအထုပ်အပိုးများထဲ့မှ တရားဥပဒေဆန့်ကျင်သောစာအုပ်များ နှင့် ပုံနှိပ်ထားသော စာအုပ်များကိုဖမ်းဆီးသိမ်းယူရရှိခဲ့သည်။ မတ်လ ၁၉၁၈ ခု၊ မန္တာလေးမြို့  ကော်မရှင်ပုံနှိပ်တိုက် ( Commercial Press ) တွင် ပုံနှိပ်သောဦးဥတ္တမမြန်မာဘာသာပြန်ထားသော စီ- တီ-ဂရမ်ဟမ် (C.T. Graham ) ရေးသည့် ဘုရားသခင်နှင့်စစ်ကြီး
(ခရစ်ယာန်များအဖို့အချို့ ပုစ္ဆာများ)အမည်ရှိစာအုပ်ကို ၁၉၁၀ ခု အိန္ဒိယပုံနှိပ်တိုက် ဥပဒေပုဒ်မ ၁၂ (၁) အရ အစိုးရက ဖမ်းဆီးပိတ်ပင် လိုက်ပါသည်။ ၁၉၁၈ ခုနှစ်တွင် ၀တ်လုံတော်အရဦးသိန်းမောင် (M.A.,LL.B ) (Bar at Law ) နှင့် အခြားသူများ ဆူပူလှုံ့ဆော်ခဲ့သော ဘုရားများပေါ်ဖိနပ်စီးခြင်းကိစ္စတွင်
သူသည် အဓိက ဆော်ပေးသူဖြစ်ခဲ့ပါသည်။ ၉ ရက်ဧပြီလ ၁၉၁၈ ခု ပဲခူးမြို့  ရွှေ မောဓေါ ဘုရားရင်ပြင်တော်တွင်ပြုလုပ်သော် အဆိုပါကိစ္စကို စဉ်းစားကြသည့်အ စည်းအဝေးသို့သူတက်ရောက်ခဲ့သည်။  အစည်းအဝေးတွင် သူစကားပြောမဟော သော်လည်းနောက်ပိုင်းတွင်ဘုရားဘဏ္ဍာထိန်းအဖွဲ့ ဥက္ကဋ္ဌအား ဖိနပ်မစီးရဟုတား မြစ်ချက်ကြေငြာနို့တစ်စာကိုဘာ ကြောင့်ဖယ်ရှားထားသလဲဟု မေးမြန်းခဲ့ပြီးဘဏ္ဍာ တော်ထိန်းအဖွဲ့၏ဤသို့ပြုလုပ်ခြင်းကို မကျေနပ်ကြောင်းပြင်းထန်ထန်ပြောခဲ့ပါ
သည်။
ဇူလိုင်လ ၁၉၁၈ ခု ပုသိမ်ဒိစတြိတ်ကျောင်းကုန်းသို့ သွားရောက်ခဲ့ပြီးတရား များဟောပြောခဲ့ရာတွင် မြန်လာနိုင်ငံသည် မြန်မာများအဖို့သာဖြစ်ရမည် ဟူသောသူ့အနှစ်သက်ဆုံးအချက်ကို ဟောပြောခဲ့သည် ၁၉ ရက် ဇန်န၀ါရီလ ၁၉၁၉ ခု ရန်ကုန်မြို့  အင်ပါယာဇာတ်ရုံကြီး ( Empire Theatre ) တွင်
ပြုလုပ်သော ပြုပြင်ရေးစီချက် ( Reform Scheme ) ကိစ္စဆွေး နွေးမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူထူအစည်းအဝေးကြီးကို သူတက်ရောက်ခဲ့ပြီး နောက်ဆုံးဆွေးနွေးပြောဆိုသူဖြစ်ပါသည်။
အစည်းအဝေးပရိတ်သတ်ကြီးက သူ ၏တင်ပြဆွေးနွေးချက်ကိုထက်သန်တက်ကြွစွာ နာယူခဲ့ပါသည်။ မြန်မာများသည်ဟုမ်းရုးလ် (Home- Rule )ကိစ္စ။ ကိုယ်ပိုင်အုပ်ချုပ်ရေး (Self- Government ) ကိစ္စ၊ တာဝန်ခံယူ သောအစိုးရ (Responsible Government ) ကိစ္စနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် (Self Determination ) ကိစ္စတို့နှင့် စပ်လျဉ်းပြီး မည်သို့ပြောဆို ဆွေးနွေးကြမည်ကို
ယခုနားလည်လာစပြုလာပြီးဖြစ်ကြောင်း သူပြောခဲ့သည်။ရှေးအခါက မိမိတို့နိုင်ငံ၌ ၎င်းအခြားနိုင်ငံများ၌ ၎င်းအုပ်ချုပ်နေသော အစိုးရကိစ္စတွင် စိတ်မ၀င်းစားဘဲရှိနေခဲ့ကြကြောင်း၊ မြန်မာများသည်ကိုယ်ဘာသာ
ကိုယ် အုပ်ချုပ်ရန် အရည်အချင်းမရှိဟူသော စွပ်စွဲချက်ကိုငြင်းဆိုပြီး မွန်တေဂူ-ချင်းစဖို့ဒ်ပြုပြင်ရေးစီမံချက် (Montagu-Chinsford Reforms Scheme ) နှင့် ကရက်ဒေါက်စီမံချက် (Craddock Scheme )
တို့ကိုဝေဖန်ပိုင်ခြားပြီး၎င်းတို့ကို သူမယုံကြည်ကြောင်းပြောပြပါသည်။ လက်ထောက်ဘုရင်ခံ
(Lieutenant Governor) က သူ၏ပြုပြင်ရေးစီမံချက် ( Reform Scheme )ထဲတွင် နောက်ဆုံး ၌မြန်မာများကိုအုပ်ချုပ်ရေးပေးမည်ဖြစ်ကြောင်း ဆိုထားရာ၌ နောက်ဆုံးဟူသော
စကားလုံးမှာ အတိအကျကာလပိုင်ခြား သတ်မှတ်ထားခြင်းမရှိသဖြင့် မယုံကြည် နိုင်ကြောင်း သူထောက်ပြခဲ့သည်။ သူ၏သဘောအရဆိုလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးပြဿနာသည် ကျယ်ပြန့်သောပညာရပ်များသင်ကြားရေး၊ လွတ်လပ်စွာပြော ဆိုရေး၊ရေးသာ ပုံနှိပ်ထုတ်ဝေရေးတို့လောက် အရေးမကြီးဟုဆိုပါသည်။ ယခုအခါ မိမိတို့မှာ အတုပ်နှောင်ခံနေရပြီးပါးစပ်များလည်း
ပိတ်ဆို့ခံနေရသဖြင့်မိမိတို့မှာ ဘာမျှမလုပ်နိုင်အောင်ဖြစ်နေကြောင်းဖြင့် နိဂုံးအုပ်ပြီးဟောပြောဆွေးနွေးခဲ့ပါ
သည်။ ၁၉၁၉ ခုနှစ်အတွင်းသူက တစ်နိုင်ငံလုံးအနှံ့အပြားသွားရောက်ခဲ့ပြီး ဟုမ်း ရူးလ် (Home Rule ) အရေး၊ နိုင်ငံခြားလုပ်ကုန်ပစ္စည်းများသပိတ်မှောက်ရေးနှင့်ပုဂ္ဂလိကလွတ်လပ်ခွင့်များ (Ereedom of the individual ) အရေးတို့ကို ဟော ပြောခဲ့ပါသည်။ ဆိုးသောမကောင်းသောအုပ်ချုပ် ရေးစနစ်ကြောင်းနှင့်လက်ရှိအစိုးရအုပ်ချုပ်ပုံစနစ်အတွင်းဖြစ်ပေါ်နေသောအကျင့်ပျက်မှုကြောင်းတို့ကိုလည်းအ
လေးအနက်ဟောပြောခဲ့သည်။. ၁၉၁၅ ခု အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေး (တစ်ပေါင်းတစ်စည်းတည်းပြုရေး)
နည်းဥပဒေ [Defense of India (Consolidation ) Rules 1915 ]အရ ပြည်နယ် အစိုးရက မေလ ၁၉၁၈ ခုနှစ်တွင် သူကိုအရေးယူရေးပြဿနာကို စဉ်းစားခဲ့ကြသည်။ ထိုသို့အရေးယူနိုင်ရန် အခြေခံမရှိခဲ့ပါ။ နောက်တွင်ဘုရားများအပေါ် ဖိနပ် စီးရေးပေါ်ပေါက်လာသောအခါ စစ်ကြီးအတွင်းအများပြည်သူများရှေ့ တွင် ထိုကိစ္စ ကိုဆွေးနွေးပြောဆိုခြင်းမပြုရဟု အစိုးရက တားမြစ်ခဲ့ပါသည်။ နှစ်ဦးပိုင်း ၁၉၁၉ ခုနှစ်
သူ၏ဗုဒ္ဓဘာသာဝင်တို့ ဘာသာရေးခံစားမှုတို့ကို တောက်လောင်လာအောင် အဆက်မပြတ်ကြိုးပမ်းမှုကြောင်း သူ့ကိုခြေချုပ်ချထား ရန်ပြဿနာကို ပြည်နယ်အစိုးရအဖို့ ပြန်လည်စဉ်းစားဖို့ဖြစ်လာခဲ့သည်။ တရားရုံး
ချုပ် (Chief Court )တရားသူကြီးနှစ်ဦးအကြောင်းအရာ အချက်အလက်အမှတ် အသားများကိုတင်ပြ သောအခါ သူကို ကာကွယ်ရေးဥပဒေအရ ပြည်နယ်အစိုးရကခြေချုပ်ချထားနိုင်ကြောင်း ပြည်နယ်အစိုးရကိုအကြံပေးခဲ့သည် ။ထိုကြေင့် ရန်ကုန်မြို့ -ပုလိပ်မင်းကြီးအားသူ့ကို ခေါ်ယူပြီး
သတိပေးရန်အစိုးရကညွန်းကြားခဲ့သည်။၂၁ ရက် ဖေဖော်ဝါရီလ ၁၉၁၉ ခု ပုလိပ်မင်းကြီးကဦးဥတ္တမ ကိုသူ၏ရုံသို့ ၂၂ ရက်နေ့တွင် လာရောက်ရန် ခေါ်ဆိုခဲ့ပါသည်။ ထိုနေ့က သူဗိုလ်တထောင်ရပ်
ကွက်တွင် တရားဟောပြောသည်ကိုတွေ့ရသော်လည်း ကောင်းစွာနေမကောင်း သဖြင့် သူမလာရောက်နိုင်ကြောင်းဦးဥတ္တမက ပြန်ကြားခဲ့ပါသည်။ ပုလိပ်မင်းကြီးကလည်းသူလာနိုင်မည်ထင်သော အဆင်ပြေမည့်တွင် သူလာရောက်ရန် ထပ်မံ စာရေးပေးပို့ခဲ့သော်လည်းထိုအချိန်တွင် မြောင်းမြစီရင်စု အိမ်မဲမြို့ သို့ သူထွက်ခွာ
သွားခဲ့ပါသည်။
၂၅ ရက်ဖေဖော်ဝါရီလတွင်မြောင်းမြရာဇ၀တ်ဝန်းထံသို့ ၂၈ရက်နေ့ ဖေဖော်ဝါရီလ နေ့၌ပုလိပ်မင်းကြီးရုံး သို့လာရောက်ရန်အကယ်၍ပျက်ကွက်ခဲ့သော် ဖမ်းဆီးရန်ဝရမ်းထုတ်မည်ဖြစ်ကြောင်း ဦးဥတ္တမအားပြောပြပေးရန်ကြေးနန်းတစ် စောင်ပေးပို့ခဲ့ပါသည်။ မတ်လ ၁၉၁၉ တွင်ဦးဥတ္တမသည် ပုလိပ်မင်းကြီးရုံသို့လာရောက်တွေ့ဆုံ  သောအခါ ပြည်နယ်အစိုးရ၏ အမိန်တွင်ပါရှိသော စည်းကမ်းချက်များကို သူ့အား ပြောပြပြီးသတိပေးခဲ့ပါသည်။
သတိပေးချက်များမှာအင်္ဂလိပ်ဘာသာဖြင့်သာဖြစ် နေ၍ သူ၏မေတ္တာရပ်ခံချက်အရ ၀ါကျတစ်ပုဒ်စီမြန်မာဘာ သာပြန်၍ပြောပြခဲ့ရပါ သည်။သတိပေးစာမိတ္တူ တစ်စောင်ပေးပါရန်တောင်းဆိုသောအခါ ငြင်းဆိုလိုက်
သည်။ ထိုသို့တွေဆုံမှုတစ်လျှောက်လုံးတွင် သူ၏ပြောဆိုပြုမှုပုံမှာအလွန်အကျွံ မောက်မာခက်ထန်လှပါသည်။ ၃ ရက် မတ်လ သူလက်ထောက် ဘုရင်ခံသို့အသားနားခံစာတစ်စောင်ပေး
ပို့ရာတွင်သူသည် တရားဥပဒေချိုးဖောက်ရေးကိုလုံဆော်ပေးနေသူဖြစ်သူဟု စွပ်စွဲ ခြင်းမှ ကင်းရှင်းပါကြောင်း အပြစ်မရှိပါကြောင်းဖော်ပြထားပါသည်။ ၁၁ ရက် မတ်လ ၁၉၁၉ ခု မော်လမြိုင်သို့အသွားလမ်းတွင်ပဲခူးမြို့ ၌ နားပြီး ၀ိုင်-အမ်-ဘီ-အေကျောင်း (Y.M.B.A School ) ၌ တရားဟောပြောရာ နိုင်ငံခြား
ထုတ်ကုန်ပစ္စည်းကို သပိတ်မှောက်ရန်လှုံ့ဆော်ခဲ့ပါသည်။ ၁ ရက် မေလ ၁၉၁၉ ခုတွင် မတ်လ ၁၉၁၉ ခုစစ်တကောင်းမြို့ သို့ဖြတ်၍ ကလကတ္တားမြို့ သို့အသွားစစ်တွေမြို့ သို့ရောက်ခဲ့ပါသည်။
ကလကတ္တားမြို ရှိနေစဉ် တိုင်းရင်းသားဘာသာများနှင့်ထုတ်ဝေနေသောသတင်းစာများ၌ အခွင့်အရေး ပေါ်လာတိုင်းအစိုးရကိုရှုံ့ ချပြီး အရေးယူဖွယ်ရာကောင်းသော်ဆောင်း ပါးများသူရေးသားခဲ့သည်။ ၄ ရက်စက်တင်ဘာ ၁၉၁၉ ခုတွင် ကလကတ္တမြို့ မှ ၀ိုင်အမ်ဘီးအေ အထွေထွေ ကောင်စီ အကျိုးဆောင်ရှေ့ နေ ဦးသင်းမောင်ထံသို့ စာတစောင်ရေးသားခဲ့ရာ မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုတွင်အနှောက်
အယှက်အဆီးအတားကဲ့သို့ဖြစ်နေသော လက်ထောက်ဘုရင်ခံ ဆာရယ်ဂျီနယ်- ကရက်ဒေါက် (Lieutenant Governor Sir Reginald Craddock ) ချက်ချင်း ပြောင်းရွှေ့ ပေးရန် ဘားမားအောက်ဇာပါး (Burma Observer ) တွင် လှုံ့ ဆော် `ရေးသားဖို့ နယူဘားမား (New Burma) သတင်းစာအယ်ဒီတာဟောင်းဘလှိုင်
ကို ပြောပြရန် ရေးသားထားပါသည်။
၁၉၁၉ ခု နိုဝင်ဘာလ ၂၆ ရက် (သို့) နှစ်နှစ်ခန့် အင်္ဂလန်နှင့် အမေရိကတွင် သွားရောက်နေထိုင်ရန် နိုင်ငံကူးလက်မှတ်တစ်ခု သူ လျှောက်ထားခဲ့သည်။ လျှောက်လွှာထဲတွင် အလွန်ကံဆိုးနေသော မတရားဖိနိပ်ခံနေရသူတစ်ဦးဖြစ် ပုံဖော်ရေးသားထားပါသည်။နိုင်ငံကူးလက်မှတ်ကိုထုတ်မပေးခဲ့ပါ။ ၁၀ ရက် ဇန်န ၀ါရီ ၁၉၂၀ ခုတွင် နိုင်ငံကူးလက်မှတ်တစ်ခုရရှိရန်သူထပ်မံကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၄ ရက် ဧပြီလ ၁၉၂၀ခုနှစ်တွင် ကလကတ္တားမှနေပြီး စစ်တွေ၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်ခဲ့ရာ ဦးဥတ္တမသည် ရန်ကုန်သို့ရောက်ရှိလာခဲ့ သည် ၉ ရက် မေလ ၁၉၂၀ခုတွင် သုံးဆယ်၊ လက်ပန်းတန်းနှင့်
ကျုံပျော်တို့၌ ၀ါဒဖြန်ချီရန်အတွက် သူသွားရောက်ခဲ့သည်။သူလက်ပန်းတန်း၌ရှိနေစဉ် မြန်မာနိုင်ငံ ကို အိုင်ယာလန်ကဲ့သို့မဖြစ်ရလေအောင် ကယ်ဆယ်ရန်အတွက် ဆာရယ်ဂျီနယ်
ကရက်ဒေါက် (Sir Reginald Craddock ) ထွက်သွားရမည်ဖြစ်ကြောင်း သူရေး သားသောစာတစောင်တွင် ဖော်ပြခဲ့ပါသည်။ထိုစာကိုပုံမှန်ဖြန့်စေလိုက်သောအခါမြန်မာပြည်သူများအထဲတွင်လှုပ်ရှားမှုကြီးဖြစ်သွားခဲ့ပါသည်။ ၄ ရက် ဇူလိုင်လ ၁၉၂၀ ခု တွင် သူ၏ ဟောပြောချက်များတွင်ဆင်ခြင်သမှု ရှိပါရန်သူ့ ကိုဝိုင်အမ်ဘီအေကော် မတီအဖွဲ့ဝင်များကသတိပေးခဲ့ခြင်းကိုကန့်ကွက် သည့်အနေဖြင့် ၀ိုင်အမ်ဘီအေအသင်း၏
ဂုဏ်ထူးဆောင်မှတ်ပုံတင်အဖြစ်(Hono Orary Registership) မှ သူနှတ်ထွက်လိုက်ပါသည်။ ၂ ရက်ဇူလိုင်လ ၁၉၂၀ ခု တွင် ပေါင်းတည်မြို့ ရွှေတောင်မြို့ နှင့် ပြည်မြို့ တို့ကိုသူရန်ကုန်မှထွက်ခွာလာပြီးဗြိ
တိသျှဆန့်ကျင်ရေး သွေးထိုးပေးသော တရားများ ဟောပြောခဲ့ပါသည်။ မြန်မာနိုင်ငံသာယာ တိုးတက်ဖို့လည်းကောင်း၊ မြန်မာနိုင်ငံအကျိုးစီးပွားအတွက်လည်းကောင်းဘာမျှလုပ်မပေးခဲ့သောကြောင့် အားလုံးကုန်သောမြန်မာများသည် စည်းလုံးညီညွတ်ကြပြီး ဗြိတိသျှတို့၏တံပိုးကြီးကို ပယ်ဖြုတ်ပစ်ကြရန်လိုနေကြောင်း ပြောကြားခဲ့ပါသည်။ သူ သရက်မြို့ ၊ အောင်လံမြို
့များသို့ခရီးဆက်ပြီးဟုမ်းရူး၏ (Home Rule )ကိစ္စများကို ဟောပြောပြီး ၁၀ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်ခဲ့ပါသည်။၂၆ ရက် ဇန်န၀ါရီလ ၁၉၂၁ ခုတွင် မြန်မာနိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုခံရ မည်ကိုရှောင်ရန် သူကာလကတ္တားသို့ ထွက်ခွာခဲ့ပါသည်။ရန်ုကုန်တက္ကသိုလ်သပိ
တ်အရှိန် အထွက်အထိပ် သို့ ရောက်ရှိခဲ့စဉ် မိမိ တို့၏ တောင်းဆိုချက်များကို မလိုက်လျောမချင်း တောင့်၍ ခံနေကြရန်သပိတိမှောက်ကျောင်းသားများကို တိုက်တွန်းကြောင်း ကာလကတ္တားမှ သပိတ်မှောက်စခန်းသို့ သူကြေးနန်းစာပို့ခဲ့သည်။၂၆ ရက် ဇန်န၀ါရီလ ၁၉၂၁ ခုတွင် သူရန်ကုန်သို့ပြန်လည်ရောက်ရှိလာပါ
သည်။
၃၁ ရက် ဇန်န၀ါရီ ၁၉၂၁ခုတွင် ဗဟန်းတွင်ပြုလုပ်သော သပိတ်မှောက် ကျောင်းသားများ သို့သူတက်ရောက်ခဲ့ပြီးလျှင် မိမိတို့နိုင်ငံကိုဖြစ်နိုင်သမျှငြိမ်းချမ်းသောနည်းဖြင့် ပြန်လည်ရရှိုဖို့ အားထုတ်ကြရန်သူတိုက်တွန်းခဲ့သည်။ ၂ ရက် ဖေဖော်ဝါရီလ ၁၉၂၁ ခုတွင် ဦးဝေပုလ္လနှင့် ဗွီမဒန်ဂျစ်
(V. Madanjit ) (နှစ်ဦးစလုံးကွယ်လွန်ကြပါပြီး ) တို့နှင့်အတူ သူဒေးဒရဲမြို့ သို့သွား ရောက်ပြီး အမျိုးသားပညာရေးအကြောင်း  သူအိန္ဒိယ၌တွေ့ကြုံခဲ့ရပုံမျိုးစုံတို့ကို ဥပဒေနှင့်အရေးယူနိုင်လောက် အောင်ပြင်းပြင်းထန်ထန်ဟောပြောခဲ့သည်။
ထိုသိုသော်တရားများကိုပင် စုကလပ် နှင့် တမာတကော တို့တွင်လည်း သူဟောပြောခဲ့ သည် ။ဟံသာဝတီနှင့်ဖျာပုံစီရင်စုများအတွင်းရှိ အခြားမြို့ များသို့လည်း သူသွား
ရောက်ခဲ့ပြီး အစိုးရဆန့်ကျင်ရေးတရားများ သူဟောပြောခဲ့ပြီး ၉ ရက်မတ်လတွင် ရန်ကုန်မြို့ သို့ပြန်ခဲ့ပါသည်။ ၁၄ ရက် မတ်လ ၁၉၁၂ ခုတွင် ဦးဝေပုလ္လ-ဗွီမဒန်ဂျစ်(V.Madanjit ) နှင့် သပိတ်မှောက်ကျောင်းသား သမဂ္ဂကောင်စီဝင် ဥပစာ အထက်တန်းကျောင်းသား မောင်းဘအုန်းတို့လိုက်ပါပြီး ပဲခူးမြို့  အမျိုးသား ခန်
မတွင် ပြုလုပ်သော အစည်းအဝေး၌ သူတရားဟောခဲ့ပါသည်။ မိမိ တို့ကို နိုင်ငံခြားသားများက လာရောက်အုပ်စိုးခြယ်လှယ်နေသဖြင့် မြန်မာမားသည် မြန်မာနိုင်ငံကို ကိုယ့်နိုင်ငံဟုမပြောနိုင်သလို ဗုဒ္ဓဘာသာကိုလည်းကိုယ်ဘာသာဟုမပြောနိုင်သောအခြေအနေသို့ရောက်နေရကြောင်း၊ မိမိတို့ လွတ်လပ်ရေးရရှိဖို့ စီမံကိန်းများရေးဆွဲကြရန် ၊ စည်းလုံးညီညွတ်ကြရန်၊ နိုင်ငံခြားလုပ်ကုန်ပစ္စည်း များကိုရှောင်ကြည်သပိတ်မှောက်ကြရန် ၊အမျိုးသားပညာရေးကို ရယူကြရန် သူ
အကြံပေးဟောပြောပါသည်။
လူတိုင်း စိတ်၌ စွဲထားဖို့ အောက်ပါဆောင်ပုဒ်မျာနှင့် ပတ်သတ်၍ စာရွက်စာတမ် များထုတ်ဝေရန်သူရည်ရွယ်ကြောင်းလည်းဟော ပြောပါသည်။
1. ငါတို့ ဟုမ္မရူးလ်ကိုလို ချင်သည်။
2. ငါတို့ ကိုယ်ပိုင်အစိုးရကို ငါတို့လိုချင်သည်။
3. ငါတို့ တောင်းဆိုချက်ကို ငါတို့ရရမည။်
4. ငါတို့ စည်ပင်ဝပြောလိုပြီးငါတို့ကြီးပွားရေးကိုငါတို့ဘာသာဆောင်ရွက်မည်။
5. ငါတို့ လိုလားချက်မရဘဲ နေရခြင်းထက်သေရခြင်းကကောင်းသေးသည်။
6. အုပ်ချုပ်စိုးမိုးသူတို့ကြောင့် ငါတို့ ပိုမိုစည်းလုံးညီညွတ်ရသည်။
7. နိုင်ငံခြားနိုင်ငံများ၏ခြေဖနောင်အောက်၌နေရခြင်းထက်သေရခြင်းက ပိုကောင်းသည်။
8. စည်းလုံးညီညွတ်ခြင်းသည် အင်အားဖြစ်သည်။
ဟူသောဆောင်ပုဒ်များဖြစ်သည်။
ပဲခူး ၊ တောင်ငူ နှင့် ရမည်းသင်းစီရင်စုများအတွင်းရှိ မြို့ ပေါင်းများစွားကိုလှည့် လည်ပြီး အလားတူ တရားများ ဟောပြောပြီးလျှင် ၂၄ ရက် မတ်လ ၁၉၂၁ ခုနေ့၌ ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
၁၀ ရက်၊ ဧပြီလ ၁၉၂၁ ခုတွင် ဦးဥတ္တမသည် ဟင်္သာတနှင့်ပုသိမ် စီရင်စုအတွင် လှည့်လည်တရားများဟောနေစဉ် ကျောင်းကုန်းမြို သို့ရောက် သောအခါ သူ ဒေးဒရဲမြို့ ၊ စုကလပ်နှင့်
တမာတကောတို့တွင်ဥပဒေချိုးဖောက်ဟောပြောခဲ့မှုများအတွက် အိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၅၃ (က)တို့အရ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အမှုစစ်ဆေးကြားနာမည့်
ဖျာပုံဒိစကြိတ် တရားသူကြီးသည် အမှုစုံစမ်းရာတွင်ပါဝင်ခဲ့သူဖြစ်သောကြောင့် အမှုစစ်ဆေး
ကြားနာခြင်းမပြုထိုက်ကြောင်း တရားခံရှေ့ နေဖက်ကကန့်ကွက်သောကြောင့် မအူပင်စီရင်စု တရားသူကြီးရုံး၌စစ်ဆေးကြားနာရန် အမှုကိုလွှဲပြောင်းပေးခဲ့သည် ၂၁ ရက် မေလ၁၉၂၁ တွင် ဦးဥတ္တမသည်
သူ့အား လပြည့်နေ့၌ သိမ်တက်ပြီး ဥပုသ်ပြုရန် အစိုးရက ခွင့်မပြုခြင်းကိုကန့်ကွက်သည့်အနေဖြင့် အစာ
ငတ်ခံတိုက်ပွဲဝင်ခဲ့ပါသည်။ သို့သော်လည်းပြည်သူတို့ကတောင်းပန်သဖြင့် နောက်တနေ့တွင် အစာငတ်ခံတိုက်ပွဲကိုစွန့်လိုက်ပါသည်။ သူ့ကိုအိန္ဒိယရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) အရ ထောင်ဒဏ် (၁) နှစ်နှင့် (၈)လအလုပ်မဲ့အပြစ် ပေးခဲ့ပါသည်။ နောင်တွင်အယူခံတင်ရာ ထောင်ဒဏ်ကို (၁)နှစ်အထိ လျှော့
လိုက်ပါသည်။
သူထောင်မှလွတ်ခါနီး ရက်သတ္တပတ်အနည်းငယ်အလိုတွင် မအူပင်မှ ပြည်သူလူထူတို့က ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြိုဆိုကြရန် အသေးစိတ်အစိစဉ်များ ပြုလုပ်ကြပါသည်။ ဇွန်လ ၂၆ ရက်နေ့တွင် ပြည်သူတို့၏ ဆန္ဒပြပွဲများကို ရှောင်ရှားရန်မအူပင်ရာဇ၀တ်ဝန်က ရန်ကုန်မြို့ ကမာရွက်တွင်
ကျောင်းသို့ခေါ်ယူခဲ့ပြီး သူကို လွှတ်ပေးလိုက်၍ ထိုက်ထိုက်တန်တန် ဂုဏ်ပြု ကြိုဆိုရန် အစိစဉ်တို့မှာ အကောင်အထည်မပေါ်ခဲ့ပါ။ ၁ ရက်နှင့် ၂ ရက်ဇူလိုင်လ ၁၉၂၂ ခုများတွင် ရွှေတိဂုံဘုရား၌ လည်းကောင်း၊
ဂျုးဗလီဟောလ် (Jubilee Hall ) ၌ လည်းကောင်းအစည်းအဝေးကြီးများပြုလုပ်ပြီး သူ့ကိုသောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြပါသ ည်။ ဂျုဘလီဟောလ်အစည်းအဝေးကြီးတွင် ဟုမ္မရူးလ် (Home Rule )ရရှိ ရေးတိုက်ပွဲတွင် မြန်မာအမျိုးသမီးများ အဖိုးမဖြတ်နိုင်လောက်အောင်ကြီး မားသောအကူအညီ များပေးခဲ့ခြင်းကို သူအားပါးတရချီးကျူးပြီးဟင်ဒုစတန် နီ(Hindustani)ဘာသာနှင့် လည်းကောင်း မြန်မာဘာသာနှင့်လည်းကောင်း ရှည်လျားစွာ ဟောကြားခဲ့ပါသည်။
၁၅ ရက် ဇူလိုင်လ ၁၉၂၂ ခု ရန်ကုန်မြို့  ဂျူဘလီတွင်ဂျီစီဘီအေက ပြုလုပ်သော ယူထုအစည်းအဝေးကြီး၌ မြန်မာများသည် ဟုမ္မရူးလ်(Home Rule) မှ လွဲ၍ ဘာကိုမျှလက်ခံမည်မဟုတ်ကြောင်းသူကြေညာခဲ့ပါသည်။ ဒိုင်အာခီ (Dyarchy )အုပ်ချုပ်ရေးစနစ်သွတ်သွင်းလာခြင်းကို ကန့်ကွက်ခဲ့ ပါသည်။ ပို၍ ပျော့ပျောင်းသူတို့က် ဟုမ္မရူးလ်(Home Rule )သို့တက်လှမ်း ရန် အတင့်အတင့်အနေနှင့်ဒိုင်အာခီ(Dyarchy )
စနစ်ကိုလက်ခံရန်အသင့် ရှိလာ၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာကာ ဂျီစီဘီအေအသင်းဝင်း များတွင်၂၁ ဦးပါတီနှင့် လှိုင်-ပု-ကျော် ပါတီဟူ၍ နှစ်ပါတီကွဲလွဲသွားခဲ့ပါ သည် ။ ထိုသို့ကွဲပြီးနောက် ဦးဥတ္တမသည် စီပီဦးခင်မောင် (C. P U Khin- Maung – Commercial Press
U Khin Maung )၏ဖိတ်ကြားချက်အရ မန္တလေးသို့တက်လာခဲ့ပြီး သုံးထပ်ကွမ်းသပိတ်မှောက်ကြရန် ဒိုအာခီ (Dy rachy )စနစ်ကို  လက်မခံကြရန်သူ အိမ်တော်ရာ ဘုရားတွင် တရားများ ဟောကြားခဲ့ပါသည်။
၃၁ ရက် ဇူလိုင်လ ၁၉၂၂ ခုနှစ်တွင် သူနှင့် သူ့မြစ်အကြောင်း အတိုင်း စုံဆင်းခဲ့ရာ ပြည်မြို့ သို့ရောက်ရှိခဲ့ပါသည်။ သင်္ဘောဆိုက်သည့် ဆိပ်ကမ်းတိုင်းတွင် သူ့ကို သောင်းသောင်းဖျဖျကြိုဆိုကြပါသည်။ ပခုက္ကူမြို့ တွင်သူ့ကိုကားပေါ်တင်ပြီးမြို့ သို့လည်ပြီးကြိုဆိုကြရာ  သူပရိသတ် ၄၀၀၀ ခန့်ကိုတရား ဟောခဲ့သည်။ ရေနံချောင်းတွင်သူဦးစိုးသိမ်းနှင့်တွေ့ခဲ့ပြီးဦးစိုး သိမ်းကရေနံချောင်းသို့ဝင်ရန်
ပင့်လျှောက်သော်လည်း သူမ၀င်ခဲ့ပါ။ ပြည် မြို့ ဇာတ်ရုံကြီး( Theatre Hall ) အတွင်းအပြင်တွင်
ဧရာမလူထုအစည်းအ ဝေးကြီးကို ဟောပြောရာ၌ပြည်သူလူထုတို့က ဒိုင်အာခီ ( Dyarchy ) စနစ် ကိုလက်မခံကြရန် သူတိုက်တွန်းခဲ့ပါသည်။ထိုမှနေပြီး ကျောင်းကုန်း ၊ကျုံ ပျော်နှင့် ပုသိမ်မြို့ များသို့သူနှင့်သူအဖွဲ့များခရီးဆက်ခဲ့ကြသည်။ ၂၄ ရက် သြဂုတ်တွင်သူရန်ကုန်သို့ပြန်လာခဲ့ပြီး မကြာခင်ပင်ဟင်္သာတကျောင်းနှင့် ပုသိမ်မြို့ များသို့ဝါဒဖြန့်ချီရေးအတွက်သူခရီးထွက်ခဲ့ပြန်သည်။ ၁၀ ရက်စ တင်ဘာလ ၁၉၂၂ ခုနှစ်တွင် ရန်ကုန်သို့ပြန်လာပြီး ၁၅ ရက်နေ့၌ ရန်ကုန် မြို့ဂျူဘာလီဟောလ်မှာပြုလုပ်သော သပိတ်မှောက်သမားများ၏ လူထူအ စည်းအဝေးကြီးသို့သူတက်ရောက်ခဲ့သည်။
သူဟောပြောရာတွင်အမျိုးသား ပညာရေး၏ အရေးကြီးပုံကိုရှင်းလင်းပြောပြပြီး လုပ်ငန်းကြီးကိုပရိတ်သတ် က ကူညီထောက်ခံအားပေးရန် တိုက်တွန်းခဲ့ပါသည်။ဗွီမဒန်ဂျစ် (V. madanjit ) ဦးဝေပုလ္လတို့နှင့်အတူ လက်ပန်းတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ ပင်ကောက်၊ နတ်တလင်းနှင့် ဇီးကုန်းမြို့ သို့တရား
လှည့်လည်ဟောပြောပြီး ၃၀ ရက်စက်တင်ဘာလ ၁၉၂၂ ခုတွင် ရန်ကုန် မြို့ သို့ပြန်ခဲ့ပါသည်။ ထိုနောက်ဟံသာဝတီ ဒီစကြိတ် အတွင်းတွံ့ တေး၊ ကန်ဘဲ့၊ နတ်စင်ကုန်း၊ ကော့မှူးနှင့် အင်ဂလုံသို့သွားရောက်ပြီး လှိုင် ပု-ကျော်ဂျီစီဘီအေ၏၁၀ကြိမ်မြောက်နှစ်ပတ်
လည်ကွန်ဖရင့်ကိုတက်ရောက် ရန် ၇ ရက် နိုဝင်ဘာလတွင် သရက်မြို့ သို့သွားရောက်ခဲ့သည်။
၂၈ ရက် နိုဝင်ဘာလ ၁၉၂၂ ခုတွင် ဘုန်းကြီး ၁၅ ပါး၊လူ၁၆ယောက် တို့နှင့်အတူ ၁၀ ရက် ဇန်န၀ါရီလ၁၉၂၃ ခုတွင် ပြုလုပ်မည့်ဂါယာကွန်ဖရင့် (Gaya Conference ) သို့တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ခရီးထွက်ခဲ့ပါ သည်။၂၄ရက်မတ်လ ၁၉၂၃ ခုတွင်သူနှင့်အဖွဲသည် မြိတ်မြို့ သို့သွားရောက် ကာဒိုင်အာခီစနစ်(Dyarchy) ၏ထိုးစစ်များအကြောင်းဟောပြောပွဲများပြုလုပ် ခဲ့ပြီး ဧပြီလ ၁၉ ရက်တွင် ရန်ကုန်
သို့ပြန်လာခဲ့သည်။ မေလ ၇ ရက်တွင် စွီမ ဒန်ဂျစ်ကိုလိုက်ပါလျက် ဘုံဘေမြို့ တွင် ပြုလုပ်သည့်
အိန္ဒိယနိုင်ငံလုံဆိုင်ရာ အမျိုးသားကွန်ကရစ်(All Inidia National Congress ) အစည်းအဝေးသို့ တက်ရောက်ရန် စစ်တကောင်းနှင့်ကာလကတ္တားမြို့ မှတစ်ဆင့် သူစစ်တွေမြို့  မှထွက်လာခဲ့သည်။ ၁၆ ရက်ဇွန်လ ၁၉၂၃ ခုတွင် သူအင်္ဂလန်သို့ခရီးထွက်လာ ခဲ့သည်။ ဥရောပတိုက်တွင်အနားယူနေခိုက် ဘာဂျင်
(Bergen )ပါရီ (Paris ) စပိန် (Spain ) နှင်ငံ၊ ဆွစ်ဇာလန် နိုင်ငံ (Switzerland )၊ နော်ဝေး (Norway ) နိုင်ငံ၊ ဆွီဒင်(Sweden )နိုင်ငံနှင့် လစ္စဘွန်း (Lisbon ) မြို့ များသို့ အလည်အ ပတ်သွားခဲ့ပါသည်။
အင်္ဂလန်နှင့်ဥရောပတိုက်နိုင်ငံများသို့ သွားရောက်ခဲ့ခြင်း နှင့်ပတ်သတ်၍ သူ၏အကြောင်းပြချက်များမှာ ထိုသို့အရပ်ဒေသတို့တွင် နိုင်ငံ ရေးဆူပူလှုပ်ရှားလှုံ့ဆော်မှုလုပ်ငန်းများကို လေ့လာရန်ဖြစ်သည်ဟုဆိုပါသည်။
အစပထမတွင် အင်ပါယာပြပွဲကြီး(Empire Exhibition ) ဖွင့်သည့်တိုင်အောင် အင်္ဂလန်တွင်နေရန်ဆန္ဒရှိခဲ့သော်လည်း ကိုကို နန္ဒာ (Coconanda ) တွင်ပြု လုပ်မည့် အိန္ဒိယပြည်လုံးကျွတ်ကွန့်ဖရင့်သို့ တက်ရောက်လိုသော်ကြောင်း အိ န္ဒိယပြည်လုံးကျွတ်ကွန်ဖရင့်ပြီး စီးသွားသောအခါ ၂၅ ရက် ဇန်န၀ါရီလ၁၉၂၄ ခုတွင် သူ မြန်မာနိုင်ငံသို့ပြန်လာခဲ့ပါသည်။
သင်္ဘောဆိပ်မှအတက်တွင် သူ့ကို တက်ကြွစွာ ပရိသတ်ကြီးက ကြိုဆိုပါသည်။ ရန်ကုန် မြို့ ၊ လမ်းမကြီးများအ တိုင်းသူ့ကို ရွှေတိဂုံ ဘုရားသို့အရောက်လှည့်လည် အပူဇော်ခံကြိုဆိုခဲ့ကြပါ
သည်။ ရွှေတိဂုံဘုရားတွင်ကြိုဆိုသော်စာတန်း ပေးအပ်သောအခါသူကသင့် အပ်လျောက်ပတ်စွာ ပြန်လည် ဟောပြောခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာပြည် နယ်ကွန်ကရက် (Burma Provincial Congress ) လည်း ကြိုဆိုဧည့်ခံပွဲတွင် ပါဝင်ခဲ့ပါသည်။ ၁၉၂၄ ခု စောစော ပိုင်းတွင် ၂၁ ဦး ကွဲကွာသွားခဲ့သော ပါတီကြီးနှစ်ပါတီ ပြန်လည်ရင်ကြားစေ့ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပါသည်။ ဦးဥတ္တမကမှု ထိုသို့ ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့ပါသည်။
၁၁ ရက်မေလ ၁၉၂၄ ခုတွင် ပြုလုပ်ကြသော ပေါင်းတည် ကွန်ဖရင့်ကို
သူတက်ရောက်ခဲ့ပါသည်။ လူချွန်တော်မပေးရေးကို သူလှုံ့ဆော်ဟော်ပြောသော်လည်း ဆုံဖြတ်ချက်ကျသွားသော အဆိုကိုရေးရာ ၌မှု ပျော့ပျောင်းငြင်သာစွာရေးခဲ့ပါသည်။ ၁၇ ရက် ဇွန်လ ၁၉၂၄ ခုတွင် အာမေဒဘတ်( Ahmedabad ) ပြုလုပ်မည့် အိန္ဒီယနိုင်ငံလုံးဆိုင်ရာအမျိုးသား ကွန်ကရက်အစည်း အဝေးသို့ တက်ရောက်ရန်သူစစ်တွေမြို့ မှထွက်လာခဲ့ပါ သည် ။
၁၂ ရက် သြဂုတ် ၁၉၂၄ ခုတွင် ရန်ကုန်သို့ပြန်လာခဲ့ပါသည်။ ၁၅ ရက် တွင် ဗွီမဒန်ဂျစ်နှင့်အခြားသူများလိုက်ပါပြီး ၈၄ လမ်းနှင့်ဒီတိုး (Des Voex )လမ်းထောင့်အရောက်စီ တန်းလမ်းရှောက် ပင့်ဆောင်လာခဲ့ပါသည်။ ထိုနေရာ အရောက်တွင် ဒီတကြိတ်ရာဇ၀တ်ဝန် ခေါင်းဆောင်သော ပုလိပ်အဖွဲ့က တစ် ဖန်ဆန့်ကျင်ဘက်ပါတီ (The All Burma Union ) နှင့် အခင်းဖြစ်ပွားမည်ကို ရှောင်ရန် စီတန်းလမ်းလျှောက်လာကြသော လူထုကြီးကို လမ်းလွှဲပေးသည် ကို စီတန်း လမ်းလျှောက် ချီတက်လာသူများကမလိုက်နာဘဲ ခဲများ၊ အုတ်ကျိုး အုတ်ပဲ့များနှင့် ပစ်ခတ်တိုက်ခိုက်ကြသည်။
အရေးကြီးသောအဓိကရုဏ်းကြီး တစ်ခုဖြစ်လာသော ပုလိပ်များက သေနတ်ဖြင့်ပစ်ရသည့် အခြေသို့ဆိုက် ရောက်ခဲ့သည်။ပုလိပ်နှစ်ယောက်၊ ဘုန်းကြီးတစ်ပါး နှင့် အခြားသေးဆုံးသူ တစ်ဦးရှိခဲ့ပြီး နှစ်ဘက်စလုံးတွင် အများအပြားဒဏ်ရာရရှိခဲ့ကြပါသည်။ ဦးဥ တ္တမနှင့်ဗွီမဒန်ဂျစ်တို့ကို မန္တလေးမှချက်ချင်းထွက်ခွာသွားကြရန် သတိပေး နို့ တစ်စာများပေး
အပ်ခဲ့ပါသည်။ အိန္ဒိယဘုရင်ခံချုပ်ထံသို့ ဖြစ်ပျက်ပုံအကြောင်း စုံတို့ကို ရှည်လျားသော သံကြိုးတစ်စောင် ရိုက်ပို့တင်ပြလျက် ၀င်ရောက်စွက် ဖက်ရန်တောင်းဆိုပြီး ဦးဥတ္တမသည် မန္တလေးမှထွက်ခွာလာခဲ့ကာ ကျိုက္ခမီသို့ ဦးချစ်လှိုင် နှင့်တွေဆုံရန် ခရီးဆက်ခဲ့ပါသည်။ ၁၉၂၄ ခု သြဂုတ်လ ၂၅ ရက် နေ့တွင် သူ ရန်ကုန်သို့ ပြန်ရောက်ခဲ့ပါသည်။
စက်တင်ဘာ ၂၁ ရက်တွင် ဘုန်းကြီးလမ်းနှင့် ကျုံကြီးလမ်းထောင့်ရှိ ရာဖိ ရှပ်ရှင်နန်းတော် ( Raphafl Picture Place ) တွင် ပြုလုပ်သော ရန်ကုန်မြို့  သားများက လူထုအစည်းဝေးကြီးတစ်ခုသို့ သူတက်ရောက်ခဲ့သည်။ အခွန်မ ပေးရေးနှင့်ပတ်သက်ပြီးသူတရားနှစ်ပွဲဟောခဲ့သည်။ သူ၏ ဟောပြောချက်မှာ ဥပဒေကိုကျုးလွန်ရာရောက်သဖြင့် သူကိုအိန္ဒိယ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) အရ တရားစွဲခဲ့ရာ
ရန်ကုန်ဒီစကြိတ်တရားသူကြီးက ၇ ရက်၊ အောက်တိုဘာ လ၁၉၂၃ ခုတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။ သူ၏ ဟောပြောချက်များသည် သာယာဝတီပြည်နှင့် သရက်စီရင်စုတို့တွင် ဆိုးဝါး စွာအကျိုးသက်ရောက်ခဲ့သည့်အလျောက် ထိုဒေသရှိ သူနောက်လိုက်များ သည်အခွန်မပေး၍ တိုက်ပွဲတစ်ရပ်ကို စတင်ခဲ့ကြပါသည်။ သာယာဝတီစီရင် စုတွင်ထူးခြားဆိုးဝါးသောအခြေသို့ဆိုက်ရောက်ခဲ့ရာ
အခွန်ဆောင်ခဲ့သောသူ ကြီးနှင်ရွာသားများသည် တိုက်ခိုက်မှုများခံခဲ့ကြရာ၌ ကျွဲ၊ နွားများခြေချိုးလက် ချိုးခံရခြင်းမီးရှိုးမှုဖြစ်ပွားခြင်း၊ သီးနှများဖျက်ဆီးခံရခြင်း၊ အရိုက်အနှက်များခံရ ခြင်းတို့ကိုကြုံတွေခဲ့ရပြီး
စစ်ကွင်းပုလိပ်ဌာနပိုင်နယ်မြေတွင် သူကြီးတစ်ယောက်ပင်အသက်ခံခဲ့ရသည်။ အတော်အတန်ပြန် လည်အေးချမ်းသည့်ဆူပူသော ဒေသများ၌စစ်ပုလိပ်များချထားပေးခံရပြီးအစိုးရဆန်ကျင်အသင်း
၄၄ သင်းကို မတာရားအသင်းများအဖြစ်ကြေညာခဲ့ရပါသည်။ ထိုနောက် ပြည်၊ ဟင်္သာတ နှင့်သာယာဝတီ ဒီစကြိတ်တို့တွင်သူ ၏လုပ်ငန်းများကိုဦးဝိမလသာနှင့် မှန် ကျောင်းဘုန်းကြီးဦးဝရိယ၀ံသ (၀ိတိုရိယ အငူသို့နယ်နှင့် ထားရသူ ) တို့အကူ ညီဖြင့်ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ပြည်စီရင်စုပေါင်းတည်၊
အုတ်ဖိုနှင့်သာ ယာဝတီဒီစကြိတ်အခြားအရပ်တို့တွင် အဓိကဂိုဏ်းများမှာ ထိုလုပ်ငန်းများ၏
အကျိုးဆက်ဖြစ်ခဲ့သည်။ အရပ်ဒေသများရှိဝံသာနုများသည် လူခွန်တော်ပေး ရန်ငြင်းဆိုခဲ့ကြသည်။ ဥပဒေအရ အမိန်ပေးခဲ့သည်တို့ကိုမနာခံဘဲ အခွန် ကောက်သူများနှင့်ပုလိပ်များ၊သူကြီးများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ ကြသည်။ အခြေနေမှာအလွန်ဆိုးဝါးသော
ကြောင့် ငြိမ်းချမ်းရေးပြန်လည်ရရှိ အောင်အစိုးရသည် ပြင်းထန်သောအရေးယူမူများပြုလုပ်ခဲ့ပါသည်။ ဘုန်းကြီး များစွာနှင့် ၀ံသာနု ခေါင်းဆောင်များစွာတို့ကိုအိန္ဒိယ ရာဇသတ်ကြိးပုဒ်မ ၁၂၄ (က)အရ လည်းကောင်း၊ ရာဇသတ်ကျင့်ထုံး ဥပဒေပုဒ်မ(၁၀၇)နှင့်(၁၀၈)တို့အ ရလည်းကောင်း၊ ရာဇ၀တ်ပြင်ချက် ဥပဒေအရလည်းကောင်း၊တရားစွဲဆိုအရေး ယူခဲ့ပြီးဆူပူနေသောဒေသများတွင်စစ်ပုလိပ် (၂၀၀)
ခေါ်ယူထားခဲ့ရပါသည်။
အ သင်းပေါင်း (၄၀၀) ကျော်ကိုလည်း ပိတ်ပင်ခဲ့သည်။ ပုန်ကန်ထကြွရန်ကြံစည်မှု ဖြင့် အရေးယူရန်စဉ်းစားသည့်အထိဖြစ်ခဲ့သော်လည်း အရေးမယူခဲ့ပါ။ ထိုအ ဆင့်တွင်ဦးဥတ္တမသည်ဥရောပတိုက်သို့ထွက်ခွာသွားရန်နိုင်ငံကူးလက်မှတ်တ ခုလျှောက ထားခဲ့ပါသည်။ ၇ ရက် ဖေဖော်ဝါရီလတွင် သူလျှောက်ထားသော လက်မှတ်ထုတ်ပေးခဲ့ရာ ၂၇ ရက် မတ်လတွင် သူစစ်တကောင်းကိုဖြတ်၍က လကတ္တားမြို့ သို့သွားရောက်ခဲ့ပါသည်။ ၈ ရက်ဇူလိုင်လ ၁၉၂၈ ခုတွင် သူဂျ ပန်သို့တိုက်ရိုက်သွားသည့် ခရီးသည်တစ်ဦးနေဖြင့် ရန်ကုန်သို့ရောက်လာပါ
သော်လည်းကုန်းပေါ်သို့မတက်ရောက်ခဲ့ပါ သူဂျပန်သို့ရောက်သောအခါ အ မှတ် (၇၉) ဒွန်ဒအေအိုယာမ
(No. 79, Onden Aoyama )၊ တိုကျိုမြို့  (Tokyo ) မြို့ ရှိ နာမည်ဆိုးဖြင့် ကျော်းကြားနေသော ရာရှိ-ဘီဟာရီ-ဘိုစ် (Rash Behari Bose ) နှင့်အတူနေခဲ့ပါသည်။ကမ္ဘာရှေးဖျားအစွန်းရောက် ဆမ်အမျိုးသားဖွဲ့ စည်းထားသောတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့်နန်ကင်းမြို့ ရှိအရှေ့ ဆိုင်ရာအဖိနှိပ်ခံပြည်သူများအသင်း (Eastern Oppressed Peoples Association, Nanking ) နှင့်လည်းသူ အဆက်အသွယ်ရှိခဲ့ပါ သည်။
ရှဲတဲ(Shanghai )မြို့ ရှိအိုင်ရှာဆင်း (Ishar Singh )နှင့် အခြားအစိုးရ ဆန့်ကျင်ရေး ဆစ်ခ်အမျိုးသား များနှင့်လည်း သူ အဆက်အသွယ်ရယူခဲ့ပြီး လျှင် ရှံဟဲဂုရ်ဒွါရ (Shangha Gurdwara ) တွင် ပြုလုပ်သော အစည်းအဝေး တစ်ခု၌ ထိုဒေသရှိ ဆစ်ခ်အမျိုးသားများကို လွတ်လပ်ရေးအတွက် ဆိုင်းမနေ ဘဲတိုက်ပွဲဝင်ကြရန် စည်းရုံးလုပ်ကိုင်ကြဖို့ လှုံ့ ဆော်သောဥပဒေချိုးဖောက် သည့်တရားတစ်ပွဲ သူဟောခဲ့ပါသည်။ဇွန်လ ၁၉၂၉ ခု နန်ကင်းမြို့  ( Naking ) တွင် ကျင်းပပြုလုပ်သောဒေါက်တာဆွန်ယက်ဆင်
( Dr . Sun Yet Sen )၏ အသုဘ အခမ်းအနားများသို့အိန္ဒိယအမျိုးသား ကွန်ကယက်၏ ကိုယ်စားလှယ်တစ်ယောက်အနေ ဖြင့်သူတက်ရောက်ခဲ့သည်။နန်းကင်းမြို့ မှနေပြီး သူ ဆင်နန်း ဖူး (Tsinanfu ) နှင့် ဆင်ဟောင်မြို့ (Tsintao) များသို့သူသွားရောက်ခဲ့ပြီးနောက် ဂျပန်သို့ပြန်လာခဲ့ပါသည်။
တရုပ်ပြည်တွင်ရှိနေစဉ် သူ၏အတ္ထုပ္ပတ္တိကို တရုတ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာတစ်စောင်တွင် ရေးသားဖော်ပြရာ၌သူကိုယ်သူစိတ်အားတက် ကြွက်သော တော်လှန်ရေးသမားတစ်ယောက်ဖြစ်ပြီး
ဆွန်ယက်ဆင် (Sun Yet Sen )၏ ခင်မင်ရင်းနီးသော မိတ်ဆွေတစ်ဦးဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ နန်ကင်အစိုးရ နှင့် အိန္ဒိယအမျိုးသားကွန်ကရက် (India National Congress) တို့သည်
နှစ်နိုင်ငံလုံး၏လွတ်လပ်ရေးရရှိရန်အတွက် အပြန်အ လှန်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုရရှိအောင် သူကြိုးပမ်းဆောင် ရွက်ခဲ့သည်ဟုသတင်းရပါသည်။ ၁၁ ရက်ဒီဇင်ဘာလ ၁၉၂၉ ခုတွင် သူ ကိုလံဘိုမြို့ (Colombo) သို့ရောက် ရှိခဲ့ပြီး မဒရပ်စ်မြို့  (Madras) မှတဆင့် ကလကတ္တားမြို့ 
သို့ခရီးထွက်ခဲ့ပါသည် ဘင်္ဂလားပြည် (Bengal) တွင် ၆ လကျော်ခန့်နေပြီး ပြင်သစ်ပိုင်ချန္ဒာနဂို ( Ch adernagore )ဒက္ကားမြို့  (Decca) နှင့်အခြားအရေးကြီးသောအရပ်များသို့ နိုင်ငံရေးဝါဒ ဖြန့်ချီရန်သူသွားရောက်ခဲ့သည်။၃၁ ရက် ဇန်န၀ါရီလ ၁၉၃၀ခု တွင်ချန္ဒာနဂို (Chanda Nagore) မြို့ 
သို့အခြားနာမည်ဆိုးများနှင့်ကျော်ကြား ကြသော ဘဂါလီတော်လှန်းရေးသမားများနှင့်အတူ သွားရောက်ပြုလုပ်သောအာဇာနည်များနေ့အခန်းအနားတွင် သူသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါ သည်။ နိုင်ငံရေးသတ်ဖြတ်မှုပြုလှပ်ကြသူများကို အကျအန ချိုးကျူးအခန်းအ နားပင်ဖြစ်သည်။သူမြန်မာနိုင်ငံတွင်မရှိသောကြောင့်မြန်မာနိုင်ငံအတော်အ သင့်အေးချမ်းလျက်ရှိသည်ကို
မှတ်တမ်းတင်ရပါသည်။
၎ရက်ဇူလိုင်လ၁၉၃၀ ခုတွင် သူရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိခဲ့ရာ ကမာ ရွတ်တပ်တွင်းကျောင်းတွင် သူ့ကိုဘင်္ဂါလီတော်လှန်ရေးပါတီ (Bengal Rovol utionary Party ) အဖွဲ့ဝင်များနှင့်ကွန်ကရက်အဖွဲ့ဝင်များက လာရောက်တွေ့ ဆုံကြပါသည်။ သူမြန်မာနိုင်ငံသို့အပြန်တွင်
စစ်တွေမြို့ ၌ဘင်္ဂါလီတော်လှန်ရေး  ပါတီဝင်တစ်ဦးဖြစ်သူရာဂျန္ဒရာကူးမားဒတ်စ် သူနှင့်အတူ လိုက်ပါလာ ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်သည် ၂၈ ရက်အောက်တိုဘာလ တွင် ညောက်ခြေထောက်၌အစုံနံ ပါတ် (၄)ရထားမောက်မှုနှင့် ပတ်သက်ခဲ့သူဖြစ်ပါသည်။ ထိုဘင်္ဂါလီအမျိုးသား
ကိုစစ်မေးရာ အကြမ်းနည်းဖြင့်အိန္ဒိယနိုင်ငံလွတ်မြောက်ရေးအတွက် လုပ်ရာ တွင်မြန်မာများကို လျှို့ ဝှက်အသင်းဝင်များအဖြစ် စုံစမ်းပေးမည်ဟုဦးဥတ္တမက ကတိပြုထားသည်ဟု ပြောပြပါသည်။
၁၈ ရက် ဇူလိုင်လ ၁၉၃၀ ခုတွင် ဖျာပုံစီရင်စုသမိန်ထောသို့သွားရောက်ခဲ့ပြီး ၁၅ ရက် အောက်တိုဘာလ ၊၁၉၃၀ ခုတွင် ရန်ကုန်မြို့ သို့ပြန်ခဲ့ပါသည်။
သမိန်ထော၌အ နားယူနေစည်မစ္စတာအက်စ်အေအက်စ်ထယပ်ဂျီ (S.A. S TAYABTI ) နှင့်အခြားကွန် ကရက်အဖွဲ့ဝင်များနှင့်စီပီဦးခင်မောင်နှင့်ဦးကေတုတို့သည် သူနှင့်လာရောက်တွေ့ဆုံခဲ့ ကြသည်။ ကွန်ကရက်အဖွဲ့ဝင်းများသွားရောက်တွေ့ဆုံခြင်း၏ရည်ရယ်ချက်မှာ အစိုးရ တွင်အခက်ခဲ့ပေါ်အောင်လုပ်ရာ၌ ဦးဥတ္တမ၏အကူအညီကိုရယူရန်ဖြစ်သည်။ မစ္စတာတ ထပ်ဂျီ (Mr. Tayabji )က ပို၍အားတောင့်စွာဖြင့် အရေးဆိုနှိင်စေဖို့ ဂျီစီဘီအေသုံဖွဲ့ (စိုး သိမ်း၊ မောင်စု နှင့်ချစ်လှိုင် )ပူပေါင်းပြရန်ဆန္ဒရှိပါသည် ခေါင်းဆောင်များ၏ကွန်ဖရင့်အ စည်းအဝေးပြုလုပ်သော ကုန်ကျမည့်စရိတ်များကို ကျခံရန်အထိပင်သူဆန္ဒပြခဲ့သည်။
ကြည့်မြင်တိုင်ဦးယဉ်တိုက် တွံတေးကျောင်းတွင် ဦးဥတ္တမနေထိုင်စဉ် ခွဲခွာရေး ကိုကန့်ကွက်သော စိုးသိမ်းဂျီစီဘီအေ၏ စာတမ်းမှုကြမ်းတစ်ရပ်ကို သူ့အားပြခဲ့ကြပါ သည်။စာတမ်းကို ဦးဥတ္တမ၏ သဘောတူညီ ချက်ဖြင့် ကွန်ကရက်က လိုအပ်သလို ပြင် ဆင်မှုများပြုလုပ်မပြီးမချင်းထုတ်ပြန်ခြင်းမပြုခဲ့ပါ။ ထုတ်ပြန်သောအခါ၌လည်း စိုးသိမ်း ဂျီစီဘီအေ အမည်နှင့် မဟုတ်ဘဲစိုးသိမ်း အမည်နှင့်သာ ထုတ်ပြန်ခဲ့ပါသည်။
ဦးဥတ္တမ၏ သဘောတူညီမှုနှင့် ပြုလုပ်ခဲ့သောပြင်ဆင်ချက်များကို ဦးစိုးသိမ်းက အလွန်မကျေမနပ် စိတ်ဆိုးခဲ့ပါသည်။ ဦးစိုးသိမ်း၏ သဘောတူညီမှုမရရှိဘဲ ပြုပြင်ထားသောစာတမ်းကို ထုတ်ပြန်ခဲ့သူလည်း ဦးဥတ္တမနှင့်ဦးစိုးသိမ်းတို့မ ကျေမနပ်လည်းဖြစ်ခဲ့ရပါသည်။ စိုးသမ်း ဂျီစီဘီအေ၏ အကျိုးဆောင်သာယာဝတီမောင်မောင်ကလည်း ပြင်ဆင်ထားသော စာ တမ်းမှာ
အိန္ဒိယအမျိုးသားတို့အကြိုက် လိုက်ပြင်ဆင်ထားခြင်းသာဖြစ်နေ၍ သဘောမ တူဖြစ်ခဲ့ပါသည်။ ထို့ကြောင့် စိုးသိမ်း၏သာယာဝတီ  မောင်မောင်တို့သည်စိုးသိမ်းဂျီစီဘီ အေမှ နှုထွက်ခဲ့ကြသည်။ သို့သော်လည်း သာယာဝတီမောင်မောင်၏ နုတ်ထွက်လွှာကို ဥိးဥတ္တမက လက်မခံခဲ့ပါ။
ဦးစိုးသိမ်းနုတ်ထွက်သော အခြားကြောင်းတစ်ရပ်မှာ သာယာ ၀တီဒီစကြိတ်တွင်နာမည် ဆိုးနှင့်ကျော်ကြား သော ဆရာစံ၏လုပ်ရပ်များကြောင့်ဖြစ်နိုင်စ ရာရှိပါသည်။ စိုးသိမ်းက ထိုထိုလုပ်ရပ်များကိုမကျေနပ် သဘောမတူ၍ ရပ်ဆိုင်းပစ်ရန် ရည်ရွယ်ခဲ့ပါသည်။ ၇ ရက် ဒီဇင်ဘာလ ၁၉၃၀ ခုတွင်ဦးဥတ္တမသည် သာယာဝတီ ၊ပြည်၊ မင်းဘူး၊ ရေနံချောင်း၊ မြင်းခြံနှင့် မန္တာလေးမြို့ များသို့ ဘုရားဖူးရန် ရမည်ရှာအကြောင်းပြပြီး ရန် ကုန်မှထွက်လာခဲ့ပါသည်။ ထိုခရီးတွင်စိုးသိမ်းဂျီစီဘီအေများ နယ်ခေါင်းဆောင်များကို တွေ့ဆုံခဲ့ပါသည်။
လက်ပန်းတန်းမှ ဦးကွာဝိန္ဓာအဓိပတိ၊ အုတ်ဖိုမှမှန်ကျောင်းဆရာတော် ဦးအရိတ၀ံတ (၀ိတိုရိယအငူသို့ နယ်နှင်ထားသည် ) ရေနံချောင်း၊ လေသာကျောင်းမှဦး တေဇိန္ဒနှင့် ဥိးစိုးသိမ်းတို့ဖြစ်ကြပါသည်။ ရေနံချောင်းတွင်ပထမရည်းမှန်းသည်ထက်ပို ကြာအောင်ဦးဥတ္တမနေခဲ့ပါသည်။ ဦးစိုးသိမ်းအားဂျီစီဘီအေ ဥက္ကဌအဖြစ်မှ နုတ်ထွက် ခြင်းမပြုရန် နားချနေရ၍ဖြစ်ဟန်တူပါသည်။
ထိုကိစ္စတွင်သူ အောင်မြင်ခဲ့ပုံရပါသည်။ အကြောင်းမှာဤကိစ္စနှင့်ပတ်သက်ပြီး ဦးစိုးသိမ်းဘာမျှဆက်မ လှပ်သော်ကြောင့်ဖြစ် ပါသည်။ မန္တာလေးမြို့ တွင်ကွန်ကရက်ခေါ်င်းဆောင်ပိုင်းအလုပ်သမားများဖြစ်ကြသည့် ဂေါလီယားမိသားစု (Galliara Family) မိုဟန်လားလ် (Monanal) နှင့်အခြားဂူဂျလီလူ ငယ်များ(Young Gujeratis )တို့သည်အကျိုးဆောင်ချုပ်ဦးအာလောက ဥပဒေပြုလွတ် တော်အမတ် ဦးမောင်မောင်ကြီး၊
ဥပဒေပြုလွှတ်တော် အမတ်ဦးဘသန်း၊ စိုးသိမ်း ဂျီစီဘီ အေလက်အောက်ခံစစ်ကိုင်းစီရင်စု ၀ံသာနု
ကောင်စီအကျိုးဆောင်ဦးကြည်တို့လည်းမ ကြာမကြာ လာရောက်ကြပါသည်။
၂၆ ရက်ဒီဇင် ဘာလ ၁၉၃၀ ခုတွင် မန္တာလေးမြို့ အိမ်တော်ရာ ဘုရားတွင်ပြု လုပ်သောသူ့ကိုဂုဏ်ပြုကြိုဆိုပွဲတွင် မြန်မာနိုင်ငံကိုအိန္ဒိယ နိုင်ငံမှ ခွဲခွာလိုက်ပြီးဒိုမီနီယံအ ဆင့်အတန်းပေးရန်ငြင်းဆိုခဲ့ပါက ပြင်းထန်သောဆူပူလှုပ်ရှားမှုကို စတင်ကြရမည်ဟု ဦး ဥတ္တမက
ဟောပြောခဲ့ပါသည်။၂၂ ရက် ဒီဇင်ဘာလ ၁၉၃၀ ခုတွင် သာယာဝတီ စီရင်စုတွင် သူပုန်ထလာသော ကြေင့် ဒီဇင်ဘာ (၂၉၊ ၃၀၊ ၃၁ ) ရက်နေ့တွင် ကသာမြို့ တွင်ပြုလုပ်မည့်သံဃာများ၏ လူ ထုအစည်းအဝေးသို့တက် ရောက်ရန်အစီစဉ်ကိုဖျက်သိမ်းလိုက်ပါသည်။
၂၂ ရက် ဒီဇင်ဘာလ ၁၉၃၀ ခုတွင် မြန်မာနိုင်ငံသူပုန်းကြီးဖြစ်ပေါ်လာပြီးနောက် ၂၅ ရက် ဒီဇင်ဘာလ ၁၉၃၀ခုတွင် သူပုန်ခေါင်းဆောင်ဆရာစံ၏ ရင်းနှီးသော လုပ်ဖော် ကိုင်ဖက်ဖြစ်သည့် ဦးကေတု နှင့်အတူ ဦးဥတ္တမသည် ထိုစဉ်က မန္တားလေးတွင်ရှိနေ သောဆရာစံနှင့်သွားရောက်တွေ့ဆုံခဲ့ကြသည်။ ဖျာပုံ၊သာယာဝတီ၊အင်းစိန်၊ရမည်းသင်း၊ သရက်နှင့်ဟင်္သာတစီရင်စုများသို့ ဦးဥတ္တမ ခရီးလှည့်လည်ပြီး
နောက် အချိန်အနည်းငယ် အတွင်းထိုဒေသတို့တွင် ဆူပူလှုပ်ရှားမှုများဖြစ်ပေါ်လာခဲ့ခြင်းမှာ မှတ်သားစရာပင်ဖြစ် လေသည်။
ထိုဆူပူလှုပ်ရှားမှုးများ ဖြစ်ပေါ်လာခဲ့ခြင်းမှာ မှတ်သားစရာပင်ဖြစ်လေသည် ထိုအချက်များနှင့် အခြားပတ်ဝန်းကျင် အခြေအနေများအရဦးဥတ္တမသည် သူပုန်ထမည် ကိုသိရုံမျှမက ဆရာစံ၏ ပုန်ကန်လုပ်ငန်းများကို အားပေးခဲ့ခြင်းမှာထင်ရှားလျှက်ရှိပြီး သူ ၏နောက်ဆုံးခရီး
လည့်လည်မှုသည် ၀ံသာနုများအဖို့သူပုန်းထရန် အချက်ပေးလိုက်ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့်သူကို ၁၈၁၈ ခု၊ စည်းကမ်းသတ်မှတ်ချက်ချက်အမှတ်(၃) Reg ulation III of 1818 အရ အရေးယူရန် ပြင်ဆင်မှုများလုပ်နေစဉ်
အာဏာပိုင်များက သူ့ ကို မဖမ်းဆီးမီ သူအိန္ဒိယနိုင်ငံသို့ထွက်ပြေးခဲ့ပါသည်။
၁၂ ရက် ဇန်န၀ါရီလ ၁၉၃၁ ခုတွင်မန္တလေးမြို့  ဆင်တဲတိုက်ရှိ ဦးဥတ္တမ၏ ပစ္စည်း များကို ရှာဖွေကြရာတွင်သူနှင့် ငြိစွှန်းနေသော အထောက်အထားတစ်စုံတစ်ခုကိုမျှမ တွေ့ကြရပါ။ မစ္စတာဘားနဒ်ဟောက်တန် (Mr. Bernard Hough Ton) ထံမှ ပထမ အိ န္ဒိယမျက်နှာ
စုံညီကွန်ဖရင့်အစည်းအဝေး (First India round Table Conference ) သို့တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှခွဲခွာရေးကိုယ်စားလှယ်များသည် မြန်မာနိုင်ငံကို အိန္ဒိယမှ ချက်ချင်းခွဲခွာပေးရေး
ကိစ္စနှင့်ပတ်သက်ပြီး တရားဝင်ကြေညာချက်တစ်ခု မရ ရှိနိုင်ခဲ့ကြောင်း သူ့ထံ အကြောင်းကြား ရေးသားထား သည့်စာနှစ်စောင် သုံးစောင်ကိုသာ တွေ့ရှိခဲ့ပါသည်။ ထိုသို့ရှဖွေခဲ့ခြင်းကြေင့်မန္တလေးမြို့ တွင်အတော်
အတန်တုန်လှုပ် ချောက်ချားစေခဲ့သည်။၇ ရက်ဖေဖော်ဝါရီ ၁၉၃၁ ခုတွင် ရှင်အရိယ (ရန်သူတော်အမှတ် -၃) နှင့်ဦးအာ လောကတို့လိုက်ပါပြီး မိုးကုတ်သို့သွားရန်ဦးဥတ္တမသည်သပိကျင်းသို့ သင်္ဘောဖြင့် ထွက်ခွာခဲ့ပါသည်။ မိုးကုတ်သို့ ၈ ရက် ဖေဖော်ဝါရီတွင် ရောက်ရှိခဲ့ကြသည်။ ၁၁ ရက်
ဖေဖော်ဝါရီတွင်မိုးကုတ်မြို့ ဈေးကျောင်းတွင် တရားဟောရာ၌ မကြမီ သူအိန္ဒိယသို့သွား ပြီးနောက် ဗုဒ္ဓဘာသာဝင်တရားတော်များ ဟော်ပြောပို့ချရန် အင်္ဂလန်သို့ခရီးဆက်မည့် အကြေင်းပြောခဲ့ပါသည်။ ၁၂ ရက် ဖေဖော်ဝါရီလတွင်မိုးကုတ်မှထွက်ခဲ့သည်။ မန္တလေး သို့ အပြန်လမ်းတွင် ၀င်ရောက်ခဲ့ပြီး
ရန်ကုန်မြို့ သို့ ၁၈ ရက်ဖေဖော်ဝါရီတွင်ပြန်ရောက်ခဲ့ ပါသည်။၁၉ ရက်ဖေဖော်ဝါရီ ၁၉၃၁ ခုနေ့တွင် ဗွီမဒန်ဂျီ (C.Madanji) လိုက်ပါပြီး မြန်မာနိုင် ငံကိုယ်စားလှယ်တစ်ဦးနေဖြင့်ကရာချီ(Karachi )မြို့ တွင ပြုလုပ်မည့်အိန္ဒိယနိုင်ငံလုံးဆိုင် ရာ အမျိုးသားကွန်ကရက်အစည်းအဝေးသို့တက်ရောက်ရန် ရန်ကုန်မြို့ မှ ကလကတ္တားမြို့  သို့ထွက်ခွာခဲ့ပါသည်။
သူမြန်မာပြည်မှ ထွက်ခွာသွားပြီး မကြာခင် ၇ ရက်ဖေဖော်ဝါရီလ ၁၉၂၈ ခု နေ့ကပင် သူ့ကိုထုတ်ပေးသော နိုင်ငံကူးလက်မှတ်အမှတ် ၁၁၈၅၂ ကိုမြန်မာနိုင် ငံအစိုးရက ပယ်ဖျက်လိုက်ပါသည။ ၂၃ ရက်ဖေဖော်ဝါရီလ ၁၉၃၁ ခုနေ့တွင် သူ၏ နိုင်ငံ ကူးလက်မှတ် ဖျက်သိမ်းခံရခြင်းကိစ္စနှင့် ပတ်သက်ပြီးဆောင်ရွက်ရန် ကလကတ္တားမြို့ မှ ဒေလီမြို့ သို့ထွက်ခွာလာခဲ့ပါသည်။
ကွန်ကရက်ဥပဒေပြုအောက်လွှတ်တော်ထဲ့တွင်မြန်မာ နိုင်ငံအစိုးရ၏ ပြုမှုချက်ကိုကွန်ကွက်ခဲ့ကြသော်လည်းနိုင်ငံကူးလက်မှတ်ပြန်လည်ထုတ် ပေးရေးမှာ မအောင်မြင်ခဲ့ပါ။ ဦးဥတ္တမသည် ကရာချိ (Karachi) ကွန်ကရက်အစည်းအ ဝေးသို့ ဖျားနေသောကြောင့်
မတက်ရောက်နိုင်ခဲ့ပါ။ သူဘုံဘေ(Bombay)မြို့ ဆင်းဒတ်စ် လမ်း (Sandhurst Road ) ပါပဲ ကုမ္ပဏီ (Powell&Co.)မှ ဆရာဝန် ဒေါက်တာအေအယ် နာယာ (Dr.A. L. Nair ) ၏ ဆေးကုသမှုကိုဘုံဘေမြို့ ၌ခံယူနေစဉ် ကွန်ကရက်အစည်းအ ဝေးသို့တက်ရောက်လာကြသော မောင်မောင်ဂျီးနှင့် ဦးကေတုတို့နှင့်
အမြဲဆက်သွယ်မှုရှိ နေ ခဲ့သည်။၇ ရက် မေလ ၁၉၃၁ ခုတွင်ဘုံဘေမှ ထွက်ခွာလာခဲ့ရာ ကလတတ္တားမြို့ သို့ ၁၁ ရက် မေလ ၁၉၃၁ ခုတွင် ရောက်ရှိခဲ့ပါသည်။ ပြီးနောက် တစ်ပတ်ကြာမှဆရာဝန်ဒေါက် တာဂျေအမ်ဂုပ္ပတား (Dr.J.M.Das Gupta )၏ ဆေးကုသမှုကိုခံယူနေစဉ် ဆရာဝန်က သူ့ ကိုဆေးရုံတက်ရန်
အကြံပေးခဲ့သည်။ ကာမိုက်ကယ်ဆေးကောလိပ် (Carmicheal Medic al College ) ဆေးရုံသီးသန့်ခန်းတွင် ဆီးချိုရောဂါ (Diabetes ) နှင့် အထွေအထွေအား ယုတ်မှုရောဂါနှင့် အခြားရောဂါများအတွက် တက်ရောက်ကုသခဲ့ပါသည်။ဆေးရုံတက်နေစ ဉ် ရန်ကုန်မြို့  အမှတ် (၈၈)
ရွှေဘုံသာလမ်းရှိ မစ္စတာမေထား (Mr.Nehta ) ထံသို့ သူ၏ ကိုယ်ရေးအကျိုးဆောင် မစ္စတာမဒန်ဂျစ် (Private Selretary) သည် ဘုံဘေမှကလက တ္တားသို့ မီးရထားခထဲမှ ပိုငွေများကိုပြန်၍မပေးခဲ့ကြောင်း စာရေးအကြောင်းကြားခဲ့ပါသည် အိန္ဒိယနိုင်ငံသားများနှင့်မြန်မာနိုင်ငံသားများညီညွတ်ကြရန် လှုံ့ဆော်ထားသည့် မြန်မာနိုင် ငံပြည်သူတို့အား သတိပေးမှုတစ်ရပ် ( A warnaing to the Barmese
People) အမည် ရှိ ကြေညာစာတမ်းတစ်စောင်ကိုလည်းပေးပို့လိုက်ပါသည်။ ဒုတိယအကြိမ် မြန်မာနိုင်ငံ မျက်နှာစုံညီကွန်ဖရင့်အစည်းအဝေးသို့ တွဲရေးသမားအနည်းဆုံးတစ်ဦး ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ရအောင် ဘုရင်ခံချုပ်အားတွေ့ဆုံပြောဆိုရန်အတွက် မောင်အော်ကြီးသည်
သူ့ကိုဝင်ရောက်တွေ့ဆုံခဲ့ပါသည်။ အထက်ဖော်ပြပါ ကြေညာစာတမ်းအပြင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအားခွဲ
ထုတ်ခြင်းကို ကန့်ကွက်စာစောင်ရေ (၂၀၀)ကိုမစ္စတာမေထားထံသို့ လည်းကောင်း စောင်ရေ (၁၀၀)ကိုရန်ကုန်မြို့  ဥပဒေပြုလွှတ်တော် အမတ်မ စ္စတာအက်စ် အေအက်စ်ထရပ်ဂိုထံသို့လည်း ပေးပို့ခဲ့ပါသည်။ဆေးရုံ၌ရှိနေစဉ် ကလကတ္တားမြို့  ဟာသီလာစာတိုက် (Hathila Post Office ) အမှတ် ၂၅ – ဘီ၊ ဘင်န်န်တိုလာလမ်း (No.25 B, Benistola Street ) တွင်နေသော ဘင်္ဂါလီတော်လှန်ရေး သမားတစ်ဦးနှင့်ကွန် မြူနစ်တစ်ဦးဖြစ်ရုံမကဘင်္ဂလားပြည်လုံးဆိုင်
ရာ ကျောင်းသားများ အသင်းဝင်တစ်ဦးဖြစ်သူ ဆဟစ်နာရီယန်းဆင်ဂုပ္ပတား (Shib Nar ian Sen Gupta) အမည်ရှိသူတစ်ဦးကိုသူ၏ကိုယ်ရေးအကျိုးဆောင်းအဖြစ်ငှားရမ်းလိုက် ပါသည်။ဘင်္ဂါ လီတော်လန်ရေးသမားများနှင့်လည်းကောင်းစင်ကပူရှိတရုတ်ကွန်မြူနစ်များ နှင့်
လည်းကောင်းဆက်သွယ်မှုယူခဲ့ပြီး ဂျပန်နိုင်ငံတွင်ခိုလှုံနေသောနာမည်ဆိုးနှင်ကျော် ကြားသည့် ရုပ်ရှင်ဘီဟာရီဘို့စ် (Rash Behari Bose)နှင့်လည်း စာပေးစာယူသူပြုလုပ်ခဲ့ ပါသည်။
တရုတ်ပြည်အိန္ဒိယနိုင်ငံဂျာနယ် (Chinese Journal of India)သို့ ဦးဥတ္တမပေးပို့ ခဲ့သော
ဆောင်းပါးများထဲမှ တစ်ခုတွင်တရုတ်မြန်မာပူးပေါင်းဆောင်ရွက်ရေးကိုတိုက်တွန်း ရေးသားရာ၌ အချို့အပိုင်းများမှာဥပဒေနှင့်အလွန်အကျွံ ငြိစွန်းနေသော ကြောင့် ထို ဆောင်းပါးကိုမ ထည့်ခဲ့ပါ။ အနောက်နယ်ချဲ့ စနစ် (Imperialist West ) ကိုအာရှမဟာမိတ်(Asiatic Federation )ဖွဲ့စည်းဖြိုဖျက်ရန်စီမံချက်နှင့်ပတ်သက်သော ဦးဥတ္တမ၏ သ ဘောအယူများကိုထိုဆောင်းပါးက
ညွန်ပြသကဲ့သို့ရှိပါသည်။ဒါယနန္ဒချောက်ဒူရီ (Daya- nan Da Choudhury )
ရေးသားသောဗရမာဒေသတီဗားဂျီအလောင်းဘုရား(Brahma Desher Sivaji Alaungfaya)အမည်ရှိစာအုပ်၏နိဒါန်းကို သူ ရေးသားရာ၌ သူ၏အမည် ကိုတွေ့ကြရပါသည်။
စာတတ်လူငယ်များအားလွတ်လပ်ရေးကိုချစ်မြတ်နိုးကြရန်နှင့် အ လောင်းဘုရားကဲ့သို့အမိနိုင်ငံ၏ အနှေင်အဖွဲ့များကိုဖယ်ရှားပစ်ဖို့အဓိဌာန်ပြုကြရန် သူ တိုက်တွင်းခဲ့ပါသည်။ မိမိတို့တော်လှန်ရေးစိတ်ဓာတ်ဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့်လူမူ ရေးဆိုင်ရာတို့တွင် တော်လှန်ရေးတစ်ရပ်ကို ဘင်္ဂလားလူငယ်များက ဖန်တီးနိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်းသူ ဖော်ထုတ်ခဲ့ပါသည်။
၁၉၃၂ ခုနှစ် ဦးဥတ္တမသည် ကလကတ္တားမြို့  ကာမိုက်ကယ် ဆေးရုံ (Carmichael Hospital )၌ နေခဲ့ပြီး ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ရှန်ဟဲမြို့ နှင့် အင်္ဂလန်ရှိ မိတ်ဆွေတို့ဖြင့် စာ ပေးစာယူလုပ်ရင်း အချိန်ကုန်ခဲ့ပါသည်။ သူ၏ပေးစာများတွင်အထိတ်တလန့်ဖြစ်စရာများ မပါရှိခဲ့ပါ။ သူပုံထခြင်းနှင့်အခြားအုံကြွမှုများက ပါးနပ်ခြင်းမရှိကြသော သူများသည် ပြောင် ပြောင် လုပ်ခြင်းနှင့် စွန်စားရန် အသင့်ရှိနေခြင်းတို့ကို ထုတ၍ပြသနေစဉ် ဦးဥတ္တမ၏ အ လေ့မှာ နောက်ကွယ်မှနေ ရန်သာဖြစ်လေသည်။
သြဂုတ်လ ၁၉၃၂ ခုတွင် နိုင်ငံခြားသို့သွားရောက်ရန် မြန်မာနိုင်ငံအစိုးရအား နိုင်ငံ ကူးလက်မှတ်ထုတ်ပေးဖို့ လျှောက်ထားရာ ပယ်ချလိုက်ပါသည်။ ဤကိစ္စကိုအိန္ဒိယနိုင်ငံ ဥပဒေပြုအောက်လွှတ်တော် (legislative Assembly)အမတ်ဖြစ်သူ ရန်ကုန်မြို့ မှဦး ကျော်မြင့်မှလွှတ်တော်တွင် တင်ပြပြောဆိုကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ ထိုလထဲ တွင်ပင်မြန်မာနိုင်ငံမြန်မာသတင်းစာအချို့ တို့၌ သူနိုင်ငံရေးမှ
အနားယူမည့်အကြောင်း ကြေငြာခဲ့ပါသည်။ စက်တင်ဘာတွင်မှု သူ၏မှုလဇာတိကို ဖော်ထုတ်ပြလာပါသည်။
၁၅ ရက် စက်တင်ဘာ ၁၉၃၂ ခု၊ နေ့ထုတ် ရန်ကုန်နေ့စဉ်ထုတ်သတင်းစာတွင် အိန္ဒိယအမျိုး သားများသည် မစ္စတာဂန္ဒီ၏ အကြံပေးချက်များအတိုင်း လုပ်ကိုင်ကြပါရန်နှင့် အစိုးရ၏ လူ မျိုးခွဲခြားရေးပြဋ္ဌာန်းချက်ကို ပျက်အောင်ကြိုးပမ်းကြရန် သူဆောင်းပါးတစ်စောင်ရေးသား ခဲ့ပါသည်။
နိုဝင်ဘာလထဲတွင် သူဒုတိယအကြိမ်မြောက် သာသနာပြုရေးကိစ္စအတွက်ဂျာ မနီသို့သွားရန် နိုင်ငံကူးလက်မှတ်ပေးဖို့ ထပ်မံ လျှောက်ထားခဲ့ပါသည်။ ထိုလျှောက်လွှာ ကိုလည်းပယ်ချလိုက်ပါသည်။
၂၁ ရက် နိုဝင်ဘာလ ၁၉၃၂ ခုနေ့ထုတ် အိန္ဒိယနိုင်ငံတွင်နှစ်ပတ်တစ်ကြိမ် ဖြန့်ချီ သော
မနက်ဖန်အိန္ဒိယဂျနယ်၌ ညီညွတ်စည်းလုံးသော အိန္ဒိယပထမ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို သူရေးသားခဲ့ရာမှာ ဘာသာအယူအဆအမျိုးမျိုးရှိနေသောလူမျိုး အားလုံးကို ထိုဘာသာအယူ အဆခြားနားမှုများကို မျက်ခြေမပြတ်စေဘဲ အပြင်လူများ၏ သဘောသူညီ ချက်တစ်ခုရရှိအောင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားပါသည်။ ဒီဇင်ဘာလထဲတွင် မြန်မာနိုင်ငံပြည်နယ်ကွန်ကရက် ကော်မတီသို့ ဒတ်ရှ်- ဘန္ဒုအသင်းမှသ၀ဏ်လွှာတစ်စောင်ပေးပို့ခဲ့ရာ ဦးဥတ္တမကို
အလွန်တရာအမွှမ်းတင်ထား ပြီးမြန်မာပြည်သူတို့က ခွဲခွာရေးကိုဆန့်ကျင်ဆုံဖြတ်ခဲ့ခြင်းကို ချီုးဂုဏ်ပြုထားပါသည်။ နောက်လတွင်ဦးဥတ္တမက ဗြိတိသျှနန်းရင်းဝန်းကြီးထံသို့ မြန်မာပြည်သူတို့က
အိန္ဒိယနှင့် တွဲရေးကိုလိုလားကြောင်းအဆုံးအဖြတ်ပေးခဲ့ခြင်းကို လက်ခံပါရန်
တိုက်တွန်းသောကြေး နန်းတစ်စောင်ပေးပို့ခဲ့ပါသည်။ သတင်းစာဆရာများကိုတွေ့ဆုံရာတွင် ခွဲခွာ ရေးသမားများ ကိုတိုက်ခိုက်ပုတ်ခတ်ပြီးလျှင် အစိုးရကိုသူတို့၏ သားကောင်းမဖြစ်ရအောင် သတိပေး ကြေင်းပြောပြခဲ့ပါသည်။ ၂၄ ရက် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံအတွင်းသို့သွင်းခဲ့ခြင်းမှ ပင်လယ်ကောက်ခွန် ဥပဒေအရပိတ်ပင်ထားသော သမ္မတနိုင်ငံတော်၏ အသံဖြစ်သော အော်ဖိုပလတ်
စာစောင်အမှတ် ၄၆ တွင် အိန္ဒိယနိုင်ငံအကြောင်းဖြစ်ရပ်အမှန်တော်လှန် ရေးသမားက ဂန္ဒီ၏နုနည်းဝါဒ
(Pacific Policy)ကိုဝေဖန်ထားခြင်း ခေါင်းစီးဖြင့် ဆောင်း ပါးတစ်ခုပါရှိခဲ့ပါသည်။ ဆောင်း ပါးတွင်ဘင်္ဂလားပြည်တော်လှန်ရေးလုပ်ခန်းများနှင့်မြန်မာနိုင်ငံသူပုန်ထခြင်းတို့ကိုရည်ညွန်းထားရာ၌မြန်မာနိုင်ငံသူပုန်းထခြင်းသည် လွတ်လပ်ရေးအတွက်မြန်မာပြည်သူတို့၏ရဲရင့်သောတိုက်ပွဲဖြစ်သည်ဟုချီး
ကျူးထားပါသည်။ အကြမ်းမဖက်သောတော်လှန်ရေးကိုပြစ်တင်ရှုံချပြီး အမျီုးသားလွတ်လပ်ရေးကို သွေး ဖြင့် ချွေးဖြင့်သာ ရယူနိုင်မည်။လုပ်ကိုင်၍မရ သောလူကြိုက်များသည့်စကားလုံးများကိုစိတ် ကူးယဉ်တောင်ထိပ်ကနေဟောပြောရုံဖြင့်မနိုင်ကြောင်း ဆောင်းပါးတွင်ဖော်ပြထားသည်။ နိုင်ငံတွင်းမှ နိုင်ငံခြားနယ်ချဲ့ သမားမျာကို မောင်းထုတ်ရန်လိုအပ်ကြောင်းတိုက်တွန်းထား ပါသည်။ထိုဆောင်းပါးကို
နရီရှန်နစ်ကာရန်တီကာရီ ဟူသောကလောင် အမည်ဖြင့်ပုံနှိပ်ခဲ့ ရာယင်းကလောင်အမည်ရှင်မှာ ဦးဥတ္တမပင်ဖြစ်နိုင်စရာအကြောင်းများအလွန်ခိုင်မာ ကြောင်းဖြင့် ကလကတ္တားများ ပုလိပ်များက ယူဆခဲ့ကြပါသည်။၁၉၃၃ ခု အလယ်ပိုင်းဦးဥတ္တမသည် ကလကတ္တားမှထွက်ခွာလာခဲ့ရာ ၁၄ ရက်ဇွန် လတွင် ပူးနား (Poona)မြို့ မှတဆင့် ဘုံဘေမြို့ သို့ရောက်ရှိလာခဲ့ပါသည်။ ဘုံဘေမြို့ တွင် ထင်းဒတ်စ်ဇ်လမ်း (Sandhurst Road )ဆရာဝန်ဒေါက်တာ အေလယ်လ်နာယ (Dr.A.L Nair ) နှင့်အတူနေထိုင်ခဲ့ပါသည်။ ၅ ရက် ဧပြီလ ၁၉၃၄ ခုနေ့တွင် ဘုံဘေမြို့ မှ ကလကတ္တားမြို့ သို့ထွက်ခွာလာပြီးယခုအခါတွင် ကလကတ္တားမြို့ 
အမှတ် ( ၄ )အေ ကော လိပ်စကွဲရှိ မဟာဗောဓိအသင်းဌာနချုပ်တွင် နေထိုင်လျက်ရှိပါသည်။သူ၏ညီတော်သူ ရှင် အရိယက ဦးစိုးသိမ်းက ဒုတိယခေါင်းဆောင်အဖြစ်နေပြီး သူတို့၏ခေါင်းဆောင်အဖြစ် ဗမာနိုင်ငံသို့ ပြန်လာပြီးဆောင်ရွက်ပါရန် ဖိတ်ခေါ်ခဲ့ပါသည်။
ဇွန်လ ၁၉၃၄ ခု သင်၏ ညီဖြစ်သူ ရှင်အရိယသည် ရွှေဘိုစီရင်စုတရားသူကြီးက တားမြစ်ထားသောအမိန့်ကိုဖီဆန်ခဲ့သဖြင့် အိန္ဒိယရာဇသတ်ကြီးပုဒ်မ- ၁၈၈အရ ပြစ်မှုထင်းရှား၍ ထောင်ဒဏ် ၃ လ အပြစ်ပေးခံရသော်အခါ (က) အတန်းအစားအခွင့် အရေးများ မပေးသည်ကိုကန့်ကွက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်သော အခါဦးဥတ္တမသည် ရှင်အရိယကိုအထူးစိတ်ပါဝင်စားခဲ့သည်သာ
မက ထိုလုပ်ရပ်ကိုစိုး ရိမ် ကြီးစွာဖြင့်ရှုမျှော်၍နေခဲ့သည်။ သူ၏ရင်ချာသောတပည့်ဖြစ်သူ ရန်ကုန်မ ဦးကေတုထံသို့ စားများရေးခဲ့ပြီး သူ၏ညီမအသက်ကိုကယ်ရန်အခါအားလျော်စွာ ညွန်ကြားစာများရေးခဲ့ သည်။
ဦးကေတုထံပို့ခဲ့သောထိုညွန်ကြားချက်များကြောင့်ရန်ကုန်မြို့ တွင်လူထုအစည်းအ ဝေးများကျင်းပပြီး ရှင်အရိယကိုချက်ထင်းလွှတ်ပေးရန်နှင့် မလွှတ်ပေးနိုင်ပါက (က) အ တန်းအားအခွင့်
အရေးများလိုက်လျော့ပေးရန် တောင်းဆိုကြောင်းဆုံးဖြတ်ချက်များ ချမှတ် မှုတို့ဖြစ်ပေါ်ခဲ့ပါသည်။
သြဂုတ်လ ၁၉၃၄ ခုတွင် မြန်မာနိုင်ငံဥပဒေပြုလွတ်တော်တွင်ဥက္ကဌအားအယုံအ ကြည်မရှိ အဆိုတင်းသွင်းဆုံးဖြတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်လုပ်ငန်းများကိုစိတ်ဝင် တစားလေ့လာခဲ့ကြပါသည်။
သတင်းစာတိုက်များကိုထုတ်ပြန်ချက်တစ်ခု ပေးပို့ခဲ့ရာတွင် ဥက္ကဌအားဖြုတ်ချရန်လွှတ်တော်က အဆုံးဖြတ်ပြဋ္ဌာန်းခြင်းကို ဘုရင်ခံက လက်မခံဘဲနေခဲ့ မှုအားသူကပြစ်တင်ဝေဖန်ခဲ့ပါသည်။
ဦးဥတ္တမသည် ထက်မြက်သော ဥာဏ်စွမ်းရှိယုံမျှမက အင်အားကြီးမားပြီး တွန်း အားလည်းကြီးမားလှသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည်ကွန်မြူနီအယူအဆများကို လက် ခံပြီး အစွန်းသို့ အလွန်အမင်း ရောက်ရှိနေကြသော အိန္ဒိယဆူပူလှုံ့ဆော်ရေးသမားများနှင့် လည်းကောင်းအိန္ဒိယပြည်တွင်းတို့ရှိ တော်လှန်ရေးသမားတို့နှင့်လက်ရည်တစ်ပြင်တည်းရှိ နေသော အပြတ်အသတ်အစွန်းရောက်
သမားတစ်ဦးဖြစ်ပါသည်။
သူသည်ပြောမကုန်လောက်အောင် စိတ်ထားသန်မာခက်ထန်ပြီးအလွန်အကျွံ ခေါင်းမာသူတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်င်ံလွတ်လပ်ရေးရရန်ကြိုးပမ်းရာတွင် ဖြစ်နိုင် သည့်နည်းအားလုံးဖြင့် လုပ်မည့်သူဖြစ်ပါည်။ နိုင်ငံရေးလူထုများအတွင်း အများအကြိုက် ပျိုတိုင်းကြိုက်ဖြစ်နေခြင်း၊
သင်္ကန်းဝတ်းလျက်ရှိနေခြင်း၊ အလွန်အစွန်းရောက်သော အယူများရှိနေခြင်းစသည်တို့ကြောင်းသူသည် မြန်မာနိုင်ငံတွင်အန္တရာယ်အကြီးမားဆုံးသောနိုင်ငံရေးဆူပူလှုံ့ဆော်သူအစစ်အမှန်ပင်ဖြစ်နေပါသည် ။

မူရင်လင့်   http://alodawpyei.org/alo/2011-07-11-14-54-32/407——-a–1-of-1927-

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s