ရခိုင်ပြည်နယ် မြေပုံမြို့မှ ရေလုပ်သားနှစ်ဦးကို အကြမ်းဖက်သမားအုပ်စုက တိုက်ခိုက်ပီး ရေထဲပစ်ချ

   

 ရခိုင်ပြည်နယ် မြေပုံမြို့မှ ရေလုပ်သားနှစ်ဦးကို အကြမ်းဖက်သမားအုပ်စုက တိုက်ခိုက်ပီး ရေထဲပစ်ချ ခဲ့သဖြင့် ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရသည်ဟုတ် သတင်းရ ပါသည်။
     ဒဏ်ရာ ရရှိသွားသူ ရေလုပ်သားနှစ်ဦးမှာ မြေပုံမြို့ မြောက်ပိုင်းရပ်ကွက်မှ ဦး မောင်လှဝင်း နှင့် ဦးအမှုံချေ ဆိုသူတို့ ဖြစ်ကြပါသည် ဟု မြေပုံ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း က အတည်ပြု ပြောကြားပါသည်။

    ထိုရေလုပ်သားနှစ်ဦးသည် ငါဖမ်းစက်လှေဖြင့် ပြန်လာစဉ် ပေါက်တော မြိုနယ် ဖက်မှဟုယူဆရသော မွတ်ဆလက် စက်လှေတစ်စီး ၏တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုရေလုပ်သားနှစ်ဦးအား ကြိုဖြင့်ချည်ကာ ရိုက်နှက်သတ်ပုတ်ပီး တစ်ဦးကို  ကြိုးတုတ်ကာ ရေထဲ ပစ်ချခဲ့သည်။ သို့သော်လည်း သူတို့မှာ မသေဘဲ လွတ်မြောက်လာကြပါသည်။ယခု ဆေးရုံထဲတွင် တစ်ဦးမှာ စကားအနည်းငယ်ပြောနိုင်ပီး တစ်ဦးမှာစကားမပြောနိုင်သေး ဟု  ဦးအောင်ဝင်းကပြောပါသည်။
    မြေပုံ NLD မှ ကိုမောင်မောင်အားဆက်သွယ်မေးမြန်းရာတွင်  ” သူတို့စက်လှေကို ရေထဲနစ်ပစ်ပီး စက်လှေပေါ်က ပိုက်တွေနှင့် စက်တွေ ကို ယူဆောင်သွားခဲ့တယ် ..ကြားတာကတော့  GRC ဆိုတဲ့ NGO တစ်ခုက မြေပုံကဘင်္ဂလီတွေကို ငါးဖမ်းစက်လှေ အစီး ၅၀ အကူအညီ ပေးထားတယ် ။ အဲဒီစက်လှေတွေ နဲ့တိုက်ခိုက်ပြီး ခုလို လုပ်တာ လို့ ပြောကြပါတယ် ။ ” ဟု ဆိုသည်။
     ဖြစ်ပွားပုံနှင့် ပတ်သက်ပီး မြေပုံ ရဲစခန်းအားဆက်သွယ်ကြည့်ရာတွင်  အဆက်အသွယ် မရရှိခဲ့ပါ။
     ယခုတလောတွင် ရခိုင်အမျိုးသားများ အား အကြမ်းဖက်အုပ်စုမှာ အကြမ်းဖက်တိုက်ခိုက်ခြင်း များဆက်တိုက်ခံနေရပီး  အာဏာပိုင်များက အကာအကွယ်မပေးနိုင်ဘဲ  ဖြစ်နေကြောင်း မူရင်းလင့်ဖြစ်သော  နရဉ္စရာ သတင်းဌာနတွင် တွေ့ရပါသည်။

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s