မြေပုံမှ ငလှချေ ဂျိုင် (ကမ်း) အား လူကုံထံများမောင်ပိုင်စီးတော့မည်

မြေပုံမှ ငလှချေ ဂျိုင် (ကမ်း) အား လူကုံထံများမောင်ပိုင်စီးတော့မည်

ငလှချေဂျိုင်(ကမ်း)အားအငူမှ အောင်ကြီးနှင့်မြေပုံမှအမည်မသိ သူဌေးလေးဦး အုန်းပင်စိုက်ရန် အကြောင်းပြချက်ဖြင့်
မြေဂရံဖောက်လုပ်နေပါသည်….ယခုလ ၁၅ ရက်နေ့ နောက်ဆုံး ထားကာကန့်ကွက်သူရှိလျှင်ကန့်ကွက်ဖို့ နိုင်ပါကြောင်း အုပ်ချူပ်ရေး မူး မှ အမိန့် ထုတ် ထားသည်….

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းသောအားဖြင့် မြေဂရံ မဖောက်ဘဲ စေတနာအလျှောက် အုန်းပင်စိုက်မည်ဆိုပါက လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါမည်…. သို့ပါသော်လည်း အုန်းပင်စိုက်ရန် မဟုတ်ပဲ ကမ်းခြေ တစ်လျှောက်သဲကိုမောင်ပိုင်စီး ရောင်းချ လိုသည့် အတွက်ကြောင့် ဂရံ ဖောက်ခြင်းဖြစ်နိုင်သည်… မြေပုံသူ မြေပုံ သားများ လွှတ်လပ်စွာ အပန်းဖြေ နိုင်သည် နေရာဒေသကို ပိုက်ဆံပေးပီးဝင်မှရနိုင်မည့်အပန်းဖြေစခန်းလုပ်လာနိုင်သည် ။
ထိုကြောင့်
ကျနော် တို့ မြေပုံမြို့မှလူငယ်များအနေဖြင့် အပြင်းအထန် ကန့်ကွက်ပါသည်…. အဝေးရောက်နေသော မြေပုံသူမြေပုံသားများကို လည်း ဖိအားပေးနိုင် ပါစေရန်တိုက်တွန်းပါသည်…..
ရခိုင့် မီဒီယာ များနှင့် ရခိုင်သူ ရခိုင်သားများကိုလည်း ကျနော် တို့၏ Post အား ဖြန်ဝေပေးကြပါရန် အကူအညီ တောင်းခံအပ်ပါသည်…..
…..Myebon Youth……
(ကျနော် တို့ မြေပုံသူ မြေပုံသားများသည် မုန်တိုင်းများအလီလီ တိုက်ခက်သည့်တိုင်အောင်… မိမိတို့ ၏ ဇာတိမြို့ အား စွန့်ခွားသွားလိုစိတ် မရှိခဲ့…
ထိုရေ … ထိုမြေ … ထိုကမ်း … အား မုန်းတိုင်း များကြားထဲမှ မှ ခင်တွယ်သူများဖြစ်ကြပါသည်….. ။)