မေ့လောက်နေပီဖြစ်သော မြေပုံတပ်ပေါင်းစု ညီလာခံ အကြောင်း

ရခိုင်ပြည် ခောတ်သမိုင်းကို လေ့လာလျှင် ရေးသားလျှင် လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ မြေပုံတပ်ပေါင်းစု ညီလာခံ ကို မရေးလျှင် မရပေ။
မြေပုံ တပ်ပေါင်းစု ညီလာခံ ဖြစ်မြောက်ရေးအတွက်   ရခိုင်တိုင်း ဖဆပလ ၊ ဗမာပြည် ကွန်မြုနစ်ပါတီ(ရခိုင်တိုင်း)၊ ရခိုင်တိုင်း ပြည်သူ့ရဲဘော်အဖွဲ့၊ရခိုင်ပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ၊ရခိုင်ပြည် လူငယ်များအစည်း အရုံး ၊
ရခိုင်ပြည်တောင်သူလယ်သမားများ အဖွဲ့ချူပ် နှင့် ပုလိပ်သမဂ နှင့် ရခိုင်ပြည် မှ နိုင်ငံ ရေးအသင်းများ နှင့် လူထု အဖွဲ့ အစည်းများ၏ ဆန္တ ကို ကောက်ယူရသည် ။
မြေပုံတပ်ပေါင်းစု ညီလာခံကြီးဖြစ်မြောက် ရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့ အစည်းအားလုံး၏ သဘောတူလက်ဝယ်ထားရှိသော လမ်းစဉ်မှာကား ဗြိတိသျှနယ်ချဲ့ တို့၏ Continue reading

ဆရာတော်ဦးစိန္ဒာ ရုပ်ထု..ခြံစည်းရိုး ပရ၀ုဏ်..တောင်တ်လှေကား ဖြစ်မြောက်ရေးအလှူခံနိုးဆော်စာ

ရခိုင်သမိုင်းတလျှောက်တွင် ထင်းရှားခဲ့ပြီး နာမည်ကျော်ကြား လူသိများသင့်ပါလျှက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောပျောက်ကွယ်နိန်ရေ ပုဂ္ဂိုလ်တိအများကြီးဟိပါရေ..၄င်းကောင်းအများကြီးထဲမှာ မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် သီတင်းသုံးကျောင်းထိုင်တော်မူခဲ့သော ဆရာတော်ဦးစိန္ဒာ လည်းတစ်ပါးအပါအ၀င်ဖြစ်ပါရေ။ဆရာတော်ဟာ နယ်ချဲ့ ဖက်ဆစ်ဂျပန်အစိုးရကို တော်လှန်ခရေလူတိထဲက ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါရေ။ ဆရာတော် ပျံလွန်တော်မူပြီးနောက် ဆရာတော်၏ အရိုးပြာအား မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်၊အထက်တန်းကျောင်း(အ.ထ.က.မြေပုံ)အနီးရှိ တောင်ပူဇာပေါ်တွင် ဂူသွင်းတည်ထားခဲ့ကြပါသည်။ ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် ဆရာတော်၏ အုပ်ဂူနှင့် ခြံစည်းရိုး ပရ၀ုဏ်တို့အားပြုပြင်မှု မရှိခဲ့သောကြောင့် လူသိနည်းမှေးမှိန်ခဲ့ရပါသည်။ ဒေပိုင်ထင်ရှားခဲ့သော ဆရာတော်တစ်ပါးအား ယနေ့လက်ရှိ ရခိုင်သူ၊ရခိုင်သားများနှင့် နောင်လာနောက်သားများ မမေ့မပျောက်ဘဲ ပြန်လည်သတိရ အ Continue reading

ရခိုင်ပြည်မှ ကလေးငယ်များ၏ ဒိုးကစားခြင်း အကြောင်း

ဒိုးကစားခြင်း

ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး “ညှို့မေ”ဖြင့် စ,ရသည်။

Continue reading

ကျင် အားကစားပညာ အကြောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအသီးသီးမှာ ရိုးရာအားကစားနည်းများ ရှိကြသည်။ အလားတူ ရခိုင်တိုင်းရင်းသားများမှာလည်း အားကစားနည်းများ စွာရှိသည့် အနက်ထင်ရှားသည့် အားကစားနည်း တစ်ခုမှာ “ ကျင် “ အားကစားနည်း ပင်ဖြစ်သည်။
“ကျင်”ပညာသည်တုတ်၊ဓါး၊လက်နက်များကို မကိုင်ဆောင်ဘဲ တစ်ဘက် ရန်သူကို မိမိ လက်၊ ခြေဖြင့် တိုက် ခိုက် အနိုင် ယူသော နည်း ပညာ ဖြစ်၏။ လက်၊ ခြေ ဖြင့် တိုက်ခိုက်သည်ဆိုသော် လည်း လက်သီးနှင့် ထိုး ခြင်း၊ ခြေထောက်ဖြင့်ကန်ကျောက်ခြင်းမျိုးကားမပြုလုပ်ရဘဲ ကျင်ပညာသားပါပါဖြင့်ယဉ်ကျေး သိမ်မွေ့စွာ တစ်ဖက် သူကို အနိုင်ယူသော နည်းပင်ဖြစ်၏။
ကျင်ပညာသည် ရခိုင်ရိုးရာ အားကစားနည်းအစစ်ဖြစ်သဖြင့် ကျင်ပညာအကြောင်းကို တစေ့တစောင်း လေ့ လာတင်ပြလိုပါသည်။
ကျင်အားကစားပညာသည် စာတစ်စောင်၊ ပေ တစ်အုပ်အဖြစ် သီးခြားရပ်တည်၍မရှိခဲ့သော်လည်း သက်ကြီး ရွယ်အို ရခိုင်အမျိုးသားကြီးများက မျိုးဆက်သစ် လူငယ်များ လက်ဝယ်သို့ ကျင် ပညာ ရပ်များကို လက်ဆင့် ကမ်း ပေးခဲ့ကြ၏။ ရခိုင်ရိုးရာ ပညာရပ်တစ်ခုအနေဖြင့် စဉ်လာ မပျက်၊ ထိန်းသိမ်း စောင့်ရှောက်လာခဲ့ သည် မှာ ယနေ့တိုင်ဖြစ်သည်။

ကိုးသောင်းပုထိုးတော်ကြီး နှင့်ပတ်သက်သမျှ

ကိုးသောင်းပုထိုးတော်ကြီးသည် မြောက်ဦးမြို့တော်တွင်တည်ရှိပါသည်။ ၁၅၅၃ ခုနှစ်တွင် ဘုရင် မင်းတိက္ခာ(သျှစ်သောင်းဘုရားတည်သည့် ဘုရင်မင်းဗာကြီး၏ သားဖြစ်သူ)မှ တည်ထားခဲ့ ပါသည်။
ဤကိုးသောင်းပုထိုးတော်ကြီးမှာ ယခင်က ချုံနွယ်များ ပိတ်ဆို့နေသည့် တောင်ကုန်းတစ်ခုဟု ထင်မှတ်ခဲ့ကြပါသည်။ (၉-၉-၁၉၉၆)ခုနှစ်တွင် ကိုးသောင်းပုထိုးတော်ကြီးတူးဖော်ခြင်းလုပ်ငန်းကို စတင်ခဲ့ ပါသည်။ အနောက်ဖက်မျက်နှာ၏ အောက်ခြေသည် ပေ ၂၅၀ ခန့်ရှိ၍ တောင်နှင့်မြောက်ဘက် အောက်ခြေမှာ ပေ ၂၃၀ ရှိပြီး အရှေ့ဘက်မျက်နှာနှင့် အရှေ့တော်နှင့် အရှေ့မြောက်အောက်ခြေသည် ၇၇ ပေ ရှိကြသည်။ အနေားအောက်ခြေ ဖိနပ်တော်မှ ၅ ပေအမြင့်ကို သွပ်မိုးထားပြီး အပေါ်ပိုင်းတို့ကို လှေကားထစ်ပုံစံမျိုးပစ္စယံငါးဆင့်ပြုလုပ်ထားသည်။ ထိုအဆင့်များ၏ နံရံကို ၃ ပေ ၈ လက်မအရွယ်အစားရှိ အုပ်တို့ဖြင့် ပြုလုပ်ထားသည်။

Continue reading

ကုလားတန်မြစ် အကြောင်း

Image

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်းသည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မျှ စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့ အနီးတွင် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်ပါသည်။ မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီသြဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ်ပေါ်စေပါသည်။

လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသ တစ်လျှောက်တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသား လူမျိုးများသည်လည်း ဤမြစ်ကိုမှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တစ်လျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်း တစ်သန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။                  FB မှ