မြေပုံမြို့နယ် ၊ ပေါက်တူးတောင်ရွာပညာရေး ဖောင်ဒေးရှင်း ဖြစ်မြောက်ရန် ကြိုးပမ်း

ပေါက်တူးတောင်ပညာရေးဖောင်ဒေးရှင်းဖြစ်မြောက်ရန် ဆွေးနွေးကြခြင်း
      
        မြေပုံမြို့နယ် ပေါက်တူးတောင် ရွာ မှ နိုင်ငံခြားရောက် ရွာသူရွာသားများနှင့် ပြည်မ မှ ရွာသူရွာသား 

များစုပေါင်း၍ ပညာရေး အထောက်အကူပြုဖောင်ဒေးရှင်း တစ်ခုဖြစ်မြောက်စေရန် အားသွန်ခွန်စိုက်ကြိုးပမ်း    နေကြပါသည် 

ရည်ရွယ်ချက်မှာ

  • ရွာမှ ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော ပညာရေး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရန်
  • အရည်အချင်းအလိုက်ဆုချီးမြင့်ပေးနိုင်ရန်
  • ကျောင်းဆောင်ကြီး တစ်ခုလုံး၏ ယိုယွင်းပျက်စီး နေသည့် လိုအပ်နေသောနေရာများကို ဖောင်ဒေးရှင်း ၏ရန်ပုံငွေ အပေါ်မူတည်ပီး လုပ်ဆောင် သွားမည်ဖြစ်ပါသည်
       ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးအတွက် ပြည်ပရောက် ပေါက်တူးတောင်ရွာသူ ရွားသားများနျှင့် ပြည်မ မှ ရွာသူရွာသားများ မတည်ငွေအချို့ ထည့်ဝင်နေကြပြီ ဖြစ်ပါသည်။
       ဖောင်ဒေးရှင်းအား စိတ်ပါဝင်စားသူများနျှင့် မတည်ငွေ ထည့်ဝင်လိုသူများအနေဖြင့်
  • ကိုထွန်းထွန်းဝင်း      ( Ph – 804 248 0458 )  အမေရိက
  • မောင်မြင့်စိန်           ( Ph – 716 597 2105 )  အမေရိက
  • ကိုမျိုးချစ်                 ( Ph – 9450050220   )  မြန်မာ
        တို့အား ဆက်သွယ်မေးမြန်း စုံစမ်းကာ မတည်ငွေ ထည့်ဝင်နိုင်ပါသည် ။ 
မြေပုံမြို့နယ်မှ ရွာအများအပြားတွင် လည်း ယခုကဲသို့ ရွာသူရွာသားများ ညီညွတ်မူဖြင့် မျိုးဆက်သစ်များအတွက် ပညာရေး အထောက်အကူပြု ဖောင်ဒေးရှင်းများ ပေါ်ပေါက်လာနိုင်ပါစေ…ရွာသူရွာသားများ စည်းလုံးနိုင်ကြပါစေ
ဟု ဆန္တပြုမိပါသည် ။

ဒါတ်ပုံ Khaing Mun

        

မြေပုံမြို့နယ် တရားရုံးမှ တရားစီရင်ရေးအာဏာကို ငွေကြေးနှင့်ဖလှယ်

ရခိုင်ပြည်နယ် ၊မြေပုံမြို့နယ် တရားရုံးမှ တရားစီရင်ရေးအာဏာကို ငွေကြေးနှင့်ဖလှယ်နေသော ဒုတိယတရားသူကြီး ဦးပြည့်ဖြိုးဆွေ၏ မတရားစီရင်ချက်။

မြေပုံမြို့နယ်၊ပဲကောက်ကျောက်တန်းကျေးရွာတွင် ၊အသုဘပို့ဆောင်ရန်လမ်းအား
၎င်းကျေးရွာနှေဦးငတောင်မှကျူးကျော်ပိတ်ဆို့ကာခြံစည်းရိုးတိုင်းများစိုက်ထားခြင်းကိုကျေးရွာ
ရာအိမ်မှုးဖြစ်သူ ဦးကျော်ထွန်းဖြူနှင့် ရပ်မိရပ်ဖများ ဖယ်ရှားခြင်းအပေါ် ကျူးကျော်လမ်းပိတ်
ထားသူ ဦးငတောင် မှ တရားလိုပြုလုပ်လျှက်မြေပုံမြို့နယ် တရားရုံးတွင် ပိုင်နက်ကျူးလွန်မှုဖြင့်
တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးမှ အမှုအမှတ်( ၂၃၇/၂၀၁၃)ဖြင့်လက်ခံကာ ဒုတိယတရားသူကြီး
ဦးပြည့်ဖြိုးဆွေမှ စစ်ဆေးဆုံးဖြတ်ခဲ့ပါသည်။

ဒုတိယတရားသူကြီးဦးပြည့်ဖြိုးဆွေသည် တရားပြိုင်ဖြစ်သူ ဦးကျော်ထွန်းဖြူ ဘက်မှ
သက်သေများကို အပြည့် အစုံ အစစ်ဆေး ခြင်းမပြုသည့် အပြင် စစ်ဆေးခံသက်သေများ၏ ထွက်ဆိုချက်တွင်လည်း အများပြည်သူ အသုဘပို့ဆောင်ရန်သက်မှတ်ထားသော
လမ်းအား
ကျူးကျော်ကာ ခြံစည်းရိုးတိုင်စိုက်ထူထားခြင်းကို ရာအိမ်မှူးဖြစ်သူ ဦးကျော်ထွန်းဖြူ နှင့် ရပ်မိ
ရပ်ဖများမှ အသုဘပို့ဆောင်ရန်အတွက် လမ်းရှင်းခြင်းသာဖြစ်ကြောင်းထွက်ဆိုပေးခဲ့ကြသော်
လည်း တရားလိုထံမှ လာဘ်ငွေများယူကာ ပဲကောက် ကျောက်တန်းကျေးရွာ ရာအိမ်မှူး
ဖြစ်သူ ဦးကျော်ထွန်းဖြူအား (၁၁-၁၂-၂၀၁၃) နေ့တွင် ထောင်ဒါဏ်(၃)လချမှတ်ခဲ့ပါသည်။
တရားလိုဖြစ်သူ ဦးငတောင်သည် ၄င်း အား အကူအညီပေးကြသည့် မြေပုံမြို့ ရွာသစ်
ကေရပ်နှေ ဦလုက်းမား(ယုံကြည်သူများ အသင်း)၊ ဦးအောင်ရွှေသာ၊ မင်းပြားမြို့နယ် ဂမ်းမကန်း
ထောင်ရွာမှ ဦးမောင်ကျော်၊ပဲကောက်ကျောက်တန်းရွာမှ ဦးသာထွန်းအေး၊ဦးဖြူအောင်၊ဦးသာထွန်းဦး၊
ဦးသန်းဝင်၊ ဦးတတ်နေဖြိုး၊ ဆရာလမ်းတို့၏အားပေး မြှောက်ပင့်မှုကြောင့် မြို့နယ်တားရုံးမှ စာရေး
ဦးမောင်တင်မိုး၊ ဥပဒေရုံးမှစာရေး ဦးထွန်းတင် တို့မှတဆင့်ဒုတိယတရားသူကြီး ဦးပြည့်ဖြိုးဆွေအား ကျပ်ငွေ(၄၀၀၀၀၀ိ)ခန့် လာဘ်ထိုး ပေးအပ်ခဲ့ကြောင်း ၊ ဒုတိယတရားသူကြီး
ဦးပြည့်ဖြိုးဆွေမှလည်း
တရားလိုဖြစ်သူထံမှ လာဘ်ငွေရရှိ၍သာ ပိုင်နက်ကျူးလွန်မှု မမြောက်ပါပဲလျှက် ပြစ်ဒါဏ်ချ
မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ဤသို့ ရပ်ရွာ၏ကောင်းရာကောင်းကြောင်းကိုဆောင်ရွက် နေသောရာအိမ်းမှူးအား
ပြစ်မှုမထင်ရှားပဲထောင်ဒါဏ်(၃)လ ချမှတ်ခြင်းနှင့် ပက်သက်၍ (၁၃-၁၂-၂၀၁၃) နေ့တွင်ပြု
လုပ်သော ဌာနဆိုင်ရာများအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးပြည့်ဖြိုးဆွေ၏
လုပ်ရပ်များကို ပြစ်တင် သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဦးပြည်ဖြိုးဆွေ သည်
တရားသူကြီး၏ ကျင့်ဝက်သိက္ခာနှင့်ကိုက်ညီမှု မရှိသော ပြုမူဆောင်ရွက်ချက် အများအပြား
ရှိ၍ ဌာနဆိုင်ရာအရာရှိများထဲတွင် နာမည်ပျက်စာရင်းပေါက်နေသူတစ်ဦး ဖြစ်ကြောင်း  သိရှိရပါသည်။

ပြင်ဝန်းရွာမှ ထွက်ခွာလာသော မော်တော်ဘုတ် အား ဘင်္ဂလီများလိုက်ဆွဲ

မြေပုံမြို့နယ် ပြင်ဝန်းရွာမှ ထွက်ခွာလာသော မော်တော်ဘုတ် အား ဘင်္ဂလီများ ပါသည့် ဘုတ်မှ ထမင်းမစား ရသေးဘူး…. ရေဆာတယ် … အမူအယာဖြင့်လိမ်ညာပြကာခေါ်ပီး
အနားသို့ရောက်သောအခါ ပြန်ပေးဆွဲ သကဲ့သို့ လိုက်ဆွဲသဖြင့် ထိုဘုတ်တွင်ပါလာသော ကျေးရွာသူ သားများက မြို့ မှ အသိများနှင့် ပြင်ဝန်းရွာခံ များအားဖုန်းလှမ်းဆက် ရာ
ပြင်ဝန်းရွာမှ ဘုတ်များဖြင့် ပြန်လိုက် ကြပီး(တချို့က စစ်သားများလည်း ပါဝင်သည်ဟု ပြောပါသည်)
မြေပုံမှ လူကြီးများကလည်း ရဲစခန်းအား အကြောင်းကြား ကာ ဘုတ်များဖြင့် လိုက် ရန် လူစု ခဲ့ကြပါသည်။ လူစုနေစဉ် ပြင်ဝန်းမှ ရွာသူရွာသားများက ရခိုင်ဘုတ် (စက်လှေ) ကိုဆွဲ

သော ဘင်္ဂလီ မော်တော်ဘုတ်အား ဖမ်းမိ ထားပီး မြစ်ထဲမှာ ပင်ရှိသေးကြောင်း ဖုန်းဆက်လာသဖြင့်
မြို့သူမြို့သားများ စိတ် သက်သာ ရာ ရခဲ့ကြပါသည်။
ထိုဘုတ်တွင် ပါဝင်သော ကုလားတစ်ချို့ မှာ လူငယ်များဖြစ်ပီး
သေနတ်များ လည်း ပါသည်ဟုရွာသားတစ်ချို့က ပြောပါသည်။
မြေပုံမြို့ နယ် ကြက်ခြေနီ အသင်းမှ ဆရာ ဆရာမ များ မှာ လည်း ဘင်္ဂလီဘုတ်ဟု ယူဆရသော မော်တော်ဘုတ်တစ်စီးမှ လှမ်းတားသည်ကိုတွေ့ခဲ့ ရပီး
အလှမ်းဝေးသဖြင့် မကပ်ခဲ့ သဖြင့် လွတ်ကင်းခဲ့သည်ဟု မြေပုံသား တစ်ယောက်၏ ပိုစ့်တွင် ရေးတင်ထားပါသည်။
ယခုတွင် ထိုဘင်္ဂလီကုလားများအား စစ်တပ်မှ ဖမ်းဆီးထိမ်းသိမ်းထားပီး ကျနော်တို့ မြို့ထဲတွင် အခြေအနေမှာ ပြန်လည်တည်ငြိမ် လျှက်ရှိပါသည်။
ပြင်ဝန်းရွာ သည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ရွာဖြစ်ပါသည်။
ပင်လယ်ကိုအားထားနေရသော ရွာဖြစ်ပါသည်။
အခွန်အမျိုးမျိုးကောက်ခံနေသော ငါးလုပ်ငန်းမှ အရာ ရှိများနှင့်
ပင်လယ်ပြင်ကာကွယ်နေကြသော မြန်မာ့ ရေတပ်မတော် မှ အရာရှိကြီးများ အား
ကျနော်တို့ မြေပုံမြို့နယ် ပြင်ဝန်း ရွာနှင့် အနီးတစ်ဝိုက်တွင် ရှိသော ရွာ များမှ ပင်လယ်ရေလုပ်သားများနှင့် ရေလမ်းကို သာအားထားနေရသော် ခရီသွား ပြည်သူများ ၏
စိုးရိမ်ပူပင်မူကို ငဲ့ကွက်ပီး ယခုကိစ္စအား အလေးထားဆောင်ရွက်ပေးပါ ရန် ကျနော်တို့ မှ တောင်းပန်လိုက်ပါသည်..။
Myebon Youth ဖေ့ဘုတ်စာမျက်နှာမှ

မြေပုံမြို့၊ဘင်္ဂါဘီဒုက္ခသည်စခန်းတွင် RCC အဆောက်အဦးများ ဆောက်လုပ်ရန် ဆောက်လုပ်ရေး ပစ္စည်း တင်ဆောင်မှုအား ဒေသခံများကန့်ကွက်၊ သံဃာတော်များမှ ကြားဝင်ဖြေရှင်းပေး။

မြေပုံမြို့၊ဘင်္ဂါဘီဒုက္ခသည်စခန်းတွင် RCC အဆောက်အဦးများ
ဆောက်လုပ်ရန် ဆောက်လုပ်ရေး ပစ္စည်း တင်ဆောင်မှုအား
ဒေသခံများကန့်ကွက်၊ သံဃာတော်များမှ ကြားဝင်ဖြေရှင်းပေး။
————————————–
 မြေပုံ၊နိုဝင်ဘာ(၃၀)ရက်။
မြေပုံမြို့ ဘင်္ဂါလီကုလားဒုက္ခသည် စခန်းတွင် အိမ်သာနှင့်
သောက်သုံးရေ များ အကူအညီပေးနေသည့် INGO အဖွဲ့ဖြစ်သော
Relief International မှ RCC ရေချိုးခန်းများ ဆောက်လုပ်ရန်အတွက်

ဟုဆိုကာ(၂၉-၁၁-၂၀၁၃)နေ့တွင် အောင်တံခွန် သင်္ဘောဖြင့် ဘိလပ်မြေနှင့်
သံချောင်း အမြောက် အများတင်ဆောင်လာခဲ့ရာ အဆိုပါပစ္စည်းများအား
မြို့ပေါ်သို့တင်ဆောင်ခြင်းမပြုရန် ကန့်ကွက်ကြသည့် ဒေသခံလူထုနှင့်
အာဏာပိုင်တို့အကြား ရုန်းရင်းဆန်ခက်ဖြစ်ပွား မည့် အခြေအနေများ
(၃၀-၁၁-၂၀၁၃)နေ့ နံနက်(၈)နာရီခန့်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ဒေသခံ
လူထုနှင့် အာဏာပိုင်တို့အကြား ပဋိပက္ခဖြစ်ပွားမည့် အခြေအနေရှိနေခြင်း
ကြောင့် မြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်များ ကြွရောက်ကာ
နှစ်ဘက်၏သဘောထားများကို မေးမြန်း၍ ဖြေရှင်းပေးခဲ့ ကြကြောင်းသိရှိရသည်။
ဆရာတော် သံဃာတော်များမှ (၁) အကူညီပေးနေသော (INGO)သည် ယခင်က
အိမ်သားများဆောက်လုပ်ပေးရာတွင် ကုလားများအား RCC အိမ်သားများဆောက်
လုပ်ပေးကာ ရခိုင်ဒုက္ခသည်များအား သာမန်အိမ်သာများသာဆောက်လုပ်ပေးခဲ့၍
ညီမျှမှု မရှိကြောင်း တွေ့ရှိသဖြင့် ယခုဆောက်လုပ်မည့် ရေချိုးခန်းများကို RCC
ဆောက်လုပ်ခြင်းပြု နိုင်၍ ဘိလပ်မြေအ်မ်းများကိုသာ တင်ဆောင်ရန်၊ သံချောင်းများ
ကို တင်ဆောင်ခြင်းမပြရန်။
(၂)ဘိလပ်မြေများကို ဆောက်အုပ်မည့်အဆောက်အဦး အနေအထားအရ
ထုက်ပေးနိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်ထားရှိရန်၊ (၃)အဆောက်အဦးများ
ဆောက်လုပ်သည့် အခါဒုက္ခသည်စခန်း ဖြစ်သည်နှင့်အညီ ယာယီ အဆောက်အဦးဖြစ်
ဖြစ်ရေးအတွက် ကြီးကြပ်ရန် ဌာနဆုင်ရာ ကိုယ်စားလှယ်များ၊ ဒေသခံလူထုကိုယ်စား
လှယ်များ ပါဝင်သော စောင့်ကြည့်ရေး အဖွဲ့ထားရှိကာ ဆောင်ရွက်ရန် ညှိနှိုင်း ပေးခဲ့ကြ
ကြောင်းသိရသည်။
မြေပုံမြို့တွင် အကူအညီပေးနေသော Relief International အဖွဲ့သည်
အကူအညီ ပေးရာတွင်ဘင်္ဂါလီကုလားများအတွက်သာ အဓိကထား အကူအညီများ
ပေးလျှက်ရှိပြီး အကူအညီပေးခြင်းလုပ်ငန်းကိုပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်
ရွက်မှု မရှိခြင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်မှုမရှိခြင်း ၊
ဒေသခံလူထုတို့၏ သဘောထားကို လျှစ်လျှူရှုခြင်း တို့ရှိနေခြင်းကြောင့် လူထုနှင့်
မကြာခဏပဋိပက္ခဖြစ်ပေါ်လျှက်ရှိသည်။ ပို၍ ထူးခြားသည်မှာ ယင်းအဖွဲ့၏ မြေပုံ
တာဝန်ခံမှာ ရသေ့တောင်မြို့နယ်မှရခိုင်တစ်ဦးဖြစ်ပြီး၊ အခြားဝန်ထမ်းများမှာလည်း
ရန်ကုန်၊ စစ်တွေ၊ မြေပုံတို့မှ ဗုဒ္ဓဘာသာဝင် ၀န်ထမ်းများ ဖြစ်နေသောကြောင့်
“အသားထဲမှ လောက်ကောင်´´များကြောင့် ယခုကဲသို့ ပဋိပက္ခများ ဖြစ်နေရ
ခြင်းဖြစ်ကြောင်း သိရသည်။

မြေပုံမြို့ တွင် စာပေဟောပြောပွဲ လုပ်တော့မည်

           မြေပုံမြို့ စာပေဟောပြောပွဲကို မြေပုံမြို့ မြို့မအားကစားကွင်းတွင် (၁.၁၂.၂၀၁၃)              တနင်္ဂနွေနေ့ မှ (၂.၁၂.၂၀၁၃)တနင်္လာ နေ့ထိ(၂)ရက်ဆက်တိုက် ကျင်းပပြုလုပ်သွားမည်
           ဖြစ်ပါသဖြင့် ရပ်နီး၊ရပ်ဝေး၊မြေပုံမြို့ပေါ်၊မြို့နယ်မှ စာပေ၊ဗဟုသုတ ချစ်မြတ်နိုးသူ
 များလာရောက်လေ့လာ နားထောင်နိုင်ပါကြောင်း အသိပေး နှိုးဆော်တိုက်တွန်းအပ်ပါသည်။…….
စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ မြေပုံမြို့…..
MyeBon Thu  ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်)

မြေပုံမြို့မှ GSM ဆင်းကတ် ပြသနာများ

 မြေပုံမြို့မှ  တန်းဖိုးနည်း GSM ဆင်းကတ် ပြသနာများ 

       ရခိုင်ပြည်နယ် မြေပုံ မြို့ ရွာသစ်ကေ ရပ်ကွက်အုပ်ချုပ်ရေးမူး သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း အများပြည်သူအတွက်  GSM ( 1500 ) ကျပ်တန် ဆင်းကတ်များကို မဲစနစ် ဖြင့်ခွဲဝေဆောင် ရွက်ရာတွင်
အုပ်ချုပ်ရေးမူး၏ မိသားစု ၀င်များ ၊ ဆွေမျိုးများသာ ဖုန်းကတ်မဲပေါက်နေပီး  ရပ်ကွက်နေပြည်သူများမှာ သံသယ တချို့ဖြင့် ဖုန်းကတ် မပါသော ဗလာမဲများသာ ရရှိခဲ့ပါသည် …

     စဉ်းစားချင့်ချိန်နိုင်စေ ရန်   ရလာဒ်များကို  တင်ပြလိုက်ပါသည်

  1. ဇနီးဖြစ်သူ  ဒေါ်မသိန်းဦး                                            No. 250 454 835
  2. အစ်ကိုတော်စပ်သူ ဦးကျော်ထင်                                   No. 250 454 825
  3. အစ်မသမီးတော်စပ်သူ ဒေါ်မမြသွယ်                              No. 250 454 827
  4. အစ်မ သားတော်စပ်သူ ဦးမောင်ဝင်းလှိုင်                         No. 250 454 831
  5. အစ်မသားတော်စပ်သူ ဦးတင်အေးကျော်                         No. 250 454 832

 မှာ အုပ်ချုပ်ရေးမူး ၏ ဆွေမျိုး ၊ မိသားစုထဲမှဖုန်းကတ် မဲပေါက်ထားခြင်းဖြစ်ပါသည်  ။
 
    SIM ကတ် ၁၅ ကတ်မှ ၅ ကတ်အား အုပ်ချုပ်ရေးမူး အဖွဲ့ ၀င်များအတွက် ၃ ကတ် ၊ဆယ်အိမ်မူး များအတွက် ၁ ကတ် နှင့်  မိခင်နှင့်ခလေး စောင့်ရှောက်ရေး အသင်းအတွက် တစ်ကတ် ကို အစည်းအဝေး သဘောတူညီ ချက်အရ ဖယ်ချန်ထားခဲ့ပါသည်..

  •        No . 250 454 834
  •        No . 250 454 830
  •        No . 250 454 828
  •        No . 250 454 824    

တို့ မှာ ကား SIM ကတ်မဲပေါက်သူများထံမှ  ၉၀၀၀ မှ ၁၀၀၀၀ ကျပ်  ပေးကာ ၀ယ်ယူထားသော ဖုန်းနံပါတ်များ ဖြစ်ပါသည်…..  
        လွန်ခဲ့သောတစ်ပတ်ခန့် က အုပ်ချုပ်ရေးမူး ထံမှ ဖြေရှင်းချက် ထွက်လာသော်လည်း    အစည်းအဝေးဆုံးဖြတ်ချက်ထက် ၂၅၀၀ ကျပ်ထက် ပိုနေသော ငွေပေးဆောင် ရမူများရှိနေပါသည် ။

        ထိုကြောင့်  အစည်းအဝေး ဆုံးဖြတ်ချက် အရ ၃ ပုံတစ်ပုံ ၊ အုပ်ချုပ်ရေးမူး မိသားစု သုံးပုံတစ်ပုံ နှင့်  ရပ်ကွက် အတွင်းမှ ပြည်သူများ ၃ ပုံတစ်ပုံ ကံထူးကြသည်ဟု  ရပ်ကွက်နေပြည်သူများ   သံသယဖြစ်လောက်အောင်  ဆန်းပြားလွန်းသည့် ဖုန်းကတ်အကြောင်း ကို တင်ပြလိုက်ပါသည်…။
         အလားတူ တရုတ်တန်းရပ်ကွက် တွင် လည်း မကျေနပ်မူ များ ၊ လိမ်လည်မူများ ထွက်ပေါ်နေပီး   အထောက်အထားဖြင့် မတင်ပြနိုင် သေးသဖြင့် ကျနော်တို့အဖွဲ့မှ ဆိုင်းငံ့ထားလိုက်ပါသည် …။
        ပိုဝမ်းနည်းဖွယ်ကောင်းသည်မှာ  GSM တန်ဖိုးနည်းဆင်းကတ်များ ပြည်သူ အတွက်တောင် မှ မလောက်မငှ နိုင်ရှာသော GSM ဆင်းကတ်များကို ဘင်္ဂလီများ က အာဏာပိုင်များဖြင့် ပူးပေါင်း ပီး ဈေးကြီးပေးဝယ်နေသည် ဟု ကျနော် တို့ သိမိ ၊ ကြားမိခြင်း ပင် ဖြစ်ပါသည်

ဆင်းကတ်နှင့်ပတ်သတ်သော Post တစ်ခု ကို ဖတ်လိုပါက  ကလစ်နှိပ်ပါ
                                                                    

မြေပုံ မှ GSM SIMCARD သတင်းများ

   မြေပုံ မြို့တွင် ၁၅၀၀ ကျပ်တန် GSM ဖုန်းများ မဲဖောက်ကြရာတွင် ရပ်ကွက်အလိုက် ကုန်ကျမူ အနည်းငယ်ကွာခြားကြောင်း သိရပါသည်

  1.  ယနေ့ နံနက် ရွာသစ်ကေ ရပ်ကွက်မှာ ဖုန်းမဲပေါက် ၍ထုတ်လာ သော ခေါဇာတောင်မှ ကိုအငယ်လေး  ဇနီး အားမေးကြည့်ရာ တွင်  ဆင်းကတ် အတွက် ၁၅၀၀ ၊ မုန့် ဟင်းခါးလက်မှတ် နှစ်စောင်အတွက် ၁၀၀၀ ကျပ် နှင့်  အထွေထွေ ၁၅၀၀ စုစုပေါင်းလေးထောင်ကျပ် အထွေထွေ အုပ်ချုပ်ရေးမူးထံ ပေးသွင်းရကြောင်း
  2. အလယ်ပိုင်းရပ်ကွက် မှ မဲပေါက်လာသောဆရာမဒေါ်စုစုခိုင်အား မေးကြည့်ရာတွင်      ဆင်းကတ်အတွက် ၁၅၀၀ ၊ မုန်းဟင်းခါးလက်မှတ် အတွက် ၁၀၀၀ နှင့် အထွေ ထွေ ၁၅၀၀ ပေးသွင်းရကြောင်း
  3. ကံသာထွက်ဝရပ်ကွက်မှ  ဦး မောင်မောင်ကျော် (ကျောင်းဆရာ) ၏ညီမ မဲပေါက် သဖြင့် မေးကြည့်ရာတွင်   ဆင်းကတ် ၁၅၀၀ မုန့်ဟင်းခါးလက်မှတ် ၁၅၀၀ စုစုပေါင်း ၃၀၀၀ ပေးသွင်းရကြောင်းနှင့် 
  4. ဈေးပိုင်းရပ်ကွက်မှာ ဦးအောင်သာဇံ မဲပေါက် သဖြင့်မေးကြည့်ရာ  ဆင်းကတ် အတွက် ၁၅၀၀ မုန့်ဟင်းခါးလက်မှတ်အတွက်  ၁၀၀၀ နှင့် အထွေထွေ ၁၀၀၀ ကျပ် ပေးရကြောင်းသိရပါသည် …          
  • (မုန်းဟင်းခါး လက်မှတ်မှာ မိခင်နှင့်ခလေး စောင့်ရှောက်ရေးအသင်းရန်ပုံငွေ အတွက်သာ ဖြစ်ပါသည် )

 Aungmingalar Inder ဖေ့ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်

ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သဲတန်း ရပ်ကွက်မှ ဦးသိန်းထွန်း၏ သမီး မမိမိစံ ရန်ကုန် မြောက်ဥက္ကလာပတွင် အသတ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့ နယ်၊ တည်းခိုခန်း တစ်ခုတွင် အောက်တိုဘာလ ၃၁ ရက်နေ့က အသက်၂၆ အရွယ်ရှိ ရခိုင်အ မျိုးသမီးတစ်ဦး အသတ်ခံခဲ့ရသည်။
အသတ်ခံရသူ သူအမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သဲတန်း ရပ်ကွက်မှ ဦးသိန်းထွန်း၏ သမီး မမိမိစံ (၂၆) နှစ် ဖြစ်ကြောင်း သိရသည်။
မမိမိစံ အသက်ခံရမူနှင့် ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ခဲ့သူ မြောက်ဥက္ကလာမြို့ နယ် သာရေးနာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်က နိရဉ္စရာသို
့ယခုလိုပြောသည်။


“ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၈ နာရီခန့်မှာ အသတ်ခံ ရတယ်လို့ သိရပါတယ်။ ကျွန်တော် တို့ သတင်းရလို့  သွားကြည့်တာက နိုဝင်္ဘာလ ၁ ရက်နေ့ နေ့ လယ် ၃
နာရီလောက်မှာ ဆိုတော့ နည်းနည်း နောက်ကျနေပြီ။ အသက်ခံ ရတဲ့ ပုံစံကတော့ ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ၀ဲပခုံး ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ နောက် ၀ဲမျက်ခုံး ဖူးယောင်ဒဏ်ရာ
(၁)ချက်နဲ့ သေဆုံး နေတာကို တွေ့ရ ပါတယ်” ဟု ယင်းက ပြောသည်။
မြောက်ဥက္ကလာပမြို့ နယ် ကျောက်ရေတွင်း ရပ်ကွက်၊ တိမ်တံခွန် အအေးခန်း ဧည့်ရိပ်မွန်တွင် တည်းခို နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသည့်နေ့က သူမသည်
သူမ၏ ချစ်သူနှင့် ချိန်းဆို ထားပြီး ချစ်သူအလာကို စောင့်နေစဉ် အသတ်ခံခဲ့ရသည်ဟု ကြားသိရကြောင်း ဦးသန်းကြည်က ဆိုသည်။
သေဆုံးနေသူ မမိမိစံ၏ အနီးတွင် လက်ပတော့ပ် ကွန်ပျူတာ တစ်လုံး၊ လက်ကိုင် ဖုန်းတစ်လုံး၊ သိုးမွှေး အရုပ်ကြီး တစ်ရုပ်နှင့် သူငယ်ချင်းများနှင့် အတူ ရိုတ်ကူးထားတော့
ဓါက်ပုံများကို တွေ့ရှိရပြီး၊ သူမသည် သိုးမွှေး အရုပ်ကြီးကို ပွေ့ဖက်ကာ သေဆုံးနေကြောင်း သာရေး နာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်မှ အသေးစိတ် သူသိသမျှကို
နိရဉ္စရာသို့  ပြောကြားသည်။
“ ဘယ်သူ သတ်သွားတယ်ဆိုတာ အတိအကျပြောလို့  မရသေးဘူး ။ ကျွန်တော်တို့လည်း စုံးစမ်းနေတယ်။ အငြိုး ရန်စနဲ့ တစ်ယောက်ယောက် လာပြီး သက်သွားတာလား။
သတ်တဲ့ သူကတော့ ပြတင်းပေါက်ကနေ ထွက်ပြေးသွားတဲ့ ပုံစံမျိုးတွေ့  ရတယ်လို့ ရဲက ပြောပါတယ်” ဟု ၎င်းမှ ဆက်ပြောသည်။
မမိမိစံအား အသက်ခံရမူနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ ဆေးရုံးတွင် စစ်ဆေးမူများ ပြုလုပ်နေပြီး ယင်း၏ မြို့နယ် ရဲစခန်းမှ (ပ)၈၈၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်ထားသည်ဟု သိရသည်။
တရားခံအား ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် ရဲစခန်းမှ စုံစမ်း ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိ ရသော်လည်း အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲစခန်းသို့ ဆက်သွယ်ရာ
အဆက်အသွယ် မရရှိခဲ့ပါ။
သူမအား သင်္ဂြိုလ်မည့် နေ့ရက်ကိုလည်း လောလောဆယ်တွင် အတိကျ မသိရသေးကြောင်း ဦးသန်းကြည်မှ ပြောသည်။
မူရင်းလင့်
http://www.narinjara.com/burmese/?p=7553

နိုင်ငံတော်သမ္မတသို့ မြို့နယ်အကျိုးတော် အဖွဲ့မှ တင်ပြရန် အချက်များ

နိုင်ငံတော်သမ္မတသို့ မြို့နယ်အကျိုးတော် အဖွဲ့မှ တင်ပြရန် အချက်များ

၁။ မြို့ပေါ် လျှစ်စစ်မီး တိုးမြှင့်ရရှိရေး
မြေပုံမြို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းကို မြန်မာ့ လျှပ်စစ်ဓါတ်အားလုပ်ငန်းနှင့် မြို့ မီး
ပေးချိန်တိုးမြှင့်ရေးကော်မတီမှပေးဝေဖြန့်ဖြူးလျှက်ရှိရာတွင် တစ်နေ့(၃)နာရီ(၁၅)မိနစ်သာပေးဝေနိုင်
ခြင်းရှိနေပြီး လျှပ်စစ်မီးသူံးစွဲသူများ အနေနှင့်လည်း (၁)ယူနစ်(၄၀၀ိ)နှုန်းဖြင့် သုံးစွဲနေရသည့် အခြေအနေတွင် ရှိပါသည်။ မြေပုံမြို့သည် နိုင်ငံတော်မှ မဟာဓါတ်အားလိုင်း
စီမံကိန်းတွင် တိုက်ရိုက်

ပါဝင်ခြင်း မရှိကြောင်းကိုတွေရှိရ၍ မဟာဓါတ်အားလိုင်းစီမံကိန်းဧရိယာအတွင်း ထည့်သွင်းပေးပါရန်
နှင့် မဟာဓါတ်အားလိုင်းဖြင့် လျှပ်စစ်ဓါတ်အား ပေးနိုင်ခြင်းမရှိသေးသည့် ကာလအတွင်းမှာလည်း
အခြားမြို့နယ်များနည်းတူ(၂၄)နာရီ လျှပပ်စစ်မီးပေးနိုင်ရေးအတွက် အစိုးရအနေနှင့်ဖြစ်စေ
ပုဂ္ဂလိကပိုင်ပြုလုပ်၍ဖြစ်စေ ဆောင်ရွက်ပေးပါရန် တင်ပြပါသည်။
၂။ သောက်သုံးရေ ဖုံလုံအောင်ဆောင်ရွက်ရေ။
မြေပုံမြိုသည် ရပ်ကွက်(၉)ရပ်ကွက် ၊အိမ်ခြေ( )အိမ်ထောင်စု၊ လူဦးရေ( )ခန့် ရှိပြီး
ပထ၀ီအနေအထားအရ သောက်သုံးရေရှားပါးပါသည်။လက်ရှိမြို့ကို ရေပေးဝေလျှက်ရှိသော ကန်တော်ကြီးကို ( )ခုနှစ်တွင် ကိုယ်ထူကိုယထအကောင်အထည်ဖေါ်ကာ မြို့နယ်
စည်ပင်သာရေးအဖွဲ့နှင့်ရေပေးဝေရေးကော်မတိတို့ပူပေါင်းကာ သောက်သူံးရေဖြန့်ဝေနေသော်လည်း ကန်၏ ရေနေဧရိယာနည်းပါသောကြောင့် လုံလောက်မှုမရှိပဲ
နှစ်စဥနွေရာသီရောက်တိုင် သောက်သုံး
ရေရှားပါးမှုနှင့် ကြုံတွေနေရပါသည်။သိုဖြစ်ပါ၍ အဆိုပါကန်တော်ကြီးအား တိုးချဲ့ပေးရန်နှင့် မြို့ပေါ်
ရပ်ကွက်များအားလုံးသို့ သောက်သုံးရေ လုံလောက်စွာပေးနိုင်ရေးအတွက်ဆောင်ရွက်ပေးရန်တင်ပြ
ပါသည်။
၃။ ရေလှိုင်းကာကျောက်တန်းတည်ဆောက်ရေး
ပြေပုံမြို့သည် ပင်လယ်ရေပြင်နှင့် အလွန်နီစပ်သောဆိပ်ကမ်းကျမြို့ဖြစ်သည် အားလျှော်စွာ
(၁၀၆၈)ခု၊ (၂၀၀၄)ခုနှစ်နှင့်(၂၀၁၀) ခုနှစ်များတွင်တိုကခက်ခဲ့သော မုန်တိုင်း အန္တရာယ်များကို ဆိုးဝါး
စွာ ခံခဲ့ရသော မြို့ဖြစ်ပါသည်။ မုန်တိုင်း ဒီရေလှိုင်းများကိုတားဆီးနိုင်သည့် ကုန်းမြင့်စသော အကာအကွယ်မရှိသောကြောင့် သဘာသဘေးအန္တရာယ် ကျရောက်တိုင်း အသက်၊
အိုးအိမ်၊ပစ္စည်း
ဥစ္စာ များစွာ ဆုံးရှုံးရမြဲဖြစ်ပါသည်။ ထိုသို့ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း ကြောင့် ဖြစ်ပေါ်
လာမည့် ဆိုးကျိုးများကို ကာကွယ်နိုင်၇န်အတွက် မြေပုံမြို ကန္နားလမ်းတစ်လျှောက်အား ရေလှိုင်ကာ
ကျောက်တန်းအဖြစ် တည်ဆောင်ပေးပါရန် တင်ပြပါသည်။
၎။ မြေပုံ ကပိုင်လမ်း/တံတားတည်ဆောက်ပေးရေး
မြေပုံမြို့နယ်သည် ရန်ကုန်+စစ်တွေကားလမ်း ဧရိယာအတွင်း( )မိုင်ခန့်ကျရောက်နေပါ
သော်လည်း မြေပုံမြို့မှာမူ ရန်ကုန်+စစ်တွေလမ်းနှင့် ( )မိုင်ခန့်အကွာတွင် တည်ရှိနေရာ အခြားမြို့
နယ်များနှင့် ဆက်သွယ်ရာတွင် ပုံမှန်မဟုတ်သော ရေလမ်းတစ်ခုကိုသာ အားကိုးနေရပါသည်။ မြေပုံ
မြို့နယ်အတွင်းရှိကျေးရွာ(ကားလမ်းတစ်လျှောက်ရှိ ကျေးရွာ)များနှင့် ဆက်သွယ်ရာတွင်လည်းများစွာ
အခက်အခဲရှိပါသည်။ သို့ဖြစ်ပါ၍ မြေပုံမြို့နှင့် အခြား ရန်ကုန်၊မန္တလေး စသောမြို့ကြီးများ၊ အမ်း၊မင်းပြား၊ မြောက်ဦးစသော ရခိုင်ပြည်နယ်အတွ်းရှိမြို့များနှင့်
ကူးလူးဆက်သွယ်ရာတွင် အဆင်
ပြေ၍ အစစ အရာရာ ဖွဲ့ဖြိုးတိုးတတ်မှုကို အထောက်အကူဖြစ်စေရန် မြေပုံ+ကပိုင်လမ်းနှင့် မြစ်ကူး
တံတားအားနိုင်ငံတော်အထူးစီမံကိန်းတစ်ခုအဖြစ်အမြန်ဆုံးချမှတ်အကောင်အထည်ဖေါ်ဆောင်ပေးရန် တင်ပြပါသည်။

 အထက်တွင် ဖော်ပြသော် အချက်များသည် မာကြာမီရက်များအတွင်း ရခိုင်ပြည်နယ်သို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်
ရခိုင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ရာ မြေပုံမြို့သို့ရောက်ရှိလာပါက
အောက်ပါအချက်အလက်များအား တင်ပြရန်စီစဉ်ထားကြောင်းသိရသည်